ယုံကြည်တဲ့ ပန်းတိုင်တစ်ခုရောက်အောင် ပြည်သူလူထုနဲ့ အတူ ရဲရဲဝင့်ဝင့် လျှောက်လှမ်းနေတဲ့ လွှမ်းပိုင်

//s9.kh1.co/6c/6c1fd28c5ff2ed030e9946131d24ab19655aab5b.jpg
အနုပညာရှင်များ

 ២៤-កុម្ភៈ-២០២១ ៦ល្ងាច · ៦ ឆ្នាំមុន

.

ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာတစ်နေရာကို အခိုင်အမာ ရယူထားနိုင်တဲ့ အဆိုတော် လွှမ်းပိုင်ကတော့ သီချင်းအမျိုးအစားများစွာကို သီဆိုနိုင်တဲ့ အနုပညာရှင်တစ်ဦး ပဲဖြစ်ပါတယ်။လွှမ်းပိုင်ရဲ့ သီချင်းတွေကတော့ ဆယ်ကျော်သက်လူငယ်တွေကြားမှာ အရမ်းကို ရေပန်းစားအောင်မြင်ခဲ့တာ ဖြစ်ပြီး သီချင်းခွေတွေလည်း ထွက်ရှိထားတဲ့ အပြင် နောက်ထပ်သီချင်းတွေကို ဆက်လက် ဖန်တီးကာ ကြိုးစားနေတာ ဖြစ်ပါတယ်နော်.....။ဒါ့အပြင် ကြော်ငြာတွေကိုပါလက်ခံရိုက်ကူးနေတာလည်း တွေ့ရပါတယ်။

Photo Credit- Hlwan Paing FB Page
Photo Credit- Hlwan Paing FB Page
Photo Credit- Hlwan Paing FB Page
Photo Credit- Hlwan Paing FB Page

လတ်တလော ဖြစ်ပေါ်နေတဲ့ အခြေအနေတစ်ရပ်တွင် ပြည်သူပရိသတ်တွေနဲ့ အတူ ရင်ဘတ်ချင်း ထပ်တူကျကာ လူထုလှုပ်ရှားမှုတွေကို အားတတ်သရော ပါဝင် လုပ်ဆောင်နေတာ ပဲဖြစ်ပါတယ်။သူတတ်နိုင်တဲ့ အပိုင်းကနေလည်း လှူဒါန်းမှုတွေ ပြုလုပ်ကာ အားကြိုးမာန်တတ် လမ်းမပေါ်တွင် ဖော်ထုတ်နေတာလည်း တွေ့ရပါတယ်။ပြည်သူ့ဝန်ထမ်းတွေ အတွက်လည်း ဖြူဖြူစင်စင်ရှာထားတဲ့ ငွေထဲက ပါဝင်လှူဒါန်းသွားဖို့နဲ့ အားလုံးနဲ့ အတူရှိနေကြောင်းကိုလည်း ရဲရဲဝင့်ဝင့်ပြောဆိုထားတာ ပဲဖြစ်ပါတယ်။

Photo Credit- Hlwan Paing FB Page
Photo Credit- Hlwan Paing FB Page
Photo Credit- Hlwan Paing FB Page
Photo Credit- Hlwan Paing FB Page

အခုတစ်ခါမှာဆိုရင်လည်း လွှမ်းပိုင်ဟာ သူရဲ့လူမူကွန်ယက် စာမျက်နှာထက်တွင် "ဖေဖော်ဝါရီ နှစ်ဆယ့်လေး နွေဦးတော်လှန်ရေး ✍️"ဆိုတဲ့ စာသားနဲ့ အတူ ပြည်သူတွေနဲ့ တစ်သားတည်း ပါဝင်အားဖြည့်နေတဲ့ ပုံရိပ်တွေကို ဖော်ပြပေးလာတာ ဖြစ်ပါတယ်။လွှမ်းပိုင်ရဲ့လှုပ်ရှားမှုတွေကို ကျေနပ်သဘောကျ နှစ်ခြိုက်ကြမှာမို့ ပြန်လည်ဝေမျှပေးရင်း လွှမ်းပိုင်ကိုထပ်ပြီး ချစ်ခင်အားပေးလိုက်ကြပါဦးနော်.......။

Photo Credit- Hlwan Paing FB Page
Photo Credit- Hlwan Paing FB Page
Photo Credit- Hlwan Paing FB Page
Photo Credit- Hlwan Paing FB Page

သတင်း အရင်းအမြစ် Hlwan Paing FB Page

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T