ပရိသတ်ကြီးရေ.. ဝါရင့်အနုပညာရှင်တွေထဲမှာ ဟာသဇာတ်ရုပ်တွေနဲ့ ပရိသတ်တွေရဲ့တစ်ခဲနက်အားပေးချစ်ခင်မှုတွေအပြင် သရုပ်ဆောင်ပိုင်နိုင်မှုတွေကြောင့်လည်း အောင်မြင်စွာရပ်တည်လျှာက်လှမ်းနေသူကတော့ ခင်လှိုင်ပဲ ဖြစ်ပါတယ်နော်..။

ခင်လှိုင်ကတော့ အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်သလို လတ်တလောဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေနဲ့အတူ ရပ်တည်ကာလမ်းပေါ်ထွက်လှုပ်ရှားမှုတွေ ပြုလုပ်နေတာလည်း တွေ့ရပါတယ်နော်..။

Photo Credit - Khin Hlaing's Fb Acc
Photo Credit - Khin Hlaing's Fb Acc
Photo Credit - Khin Hlaing's Fb Acc

ခင်လှိုင်ဟာ ချစ်ရတဲ့အနုပညာရှင်ညီအစ်ကိုမောင်နှမတွေနဲ့အတူ နေ့ရက်တိုင်းလိုလိုလှုပ်ရှားမှုတွေ ပြုလုပ်နေပြီး ဒီကနေလေးမှာလည်း အင်ဒိုနီးရှားသံရုံးနဲ့ မြေနီကုန်းတံတားမှာ ပြည်သူလူထုနဲ့အတူ လူထုလှုပ်ရှားမှုတွေပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်..။

အင်တိုက်အားတိုက် ပါဝင်အားဖြည့်နေတဲ့ ပုံရိပ်လေးတွေကိုလည်း ခင်လှိုင်က သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ပြန်လည်ဝေမျှထားတာလည်း မကြာခဏဆိုသလို ပရိသတ်တွေမြင်တွေ့ကြရမှာပါနော်..။

Photo Credit - Khin Hlaing's Fb Acc
Photo Credit - Khin Hlaing's Fb Acc
Photo Credit - Khin Hlaing's Fb Acc

"ဒီနေ့ အင်ဒိုသံရုံးရှေ့နင့် မြေနီကုန်းတံတား.." ဆိုပြီး ပြည်သူတွေနဲ့အတှူ လူထုလှုပ်ရှားမှုတွေမှာ အားကြိုးမာန်တက် တက်ကြွစွာပါဝင်လှုပ်ရှားခဲ့တဲ့ ပုံရိပ်လေးတွေကို ခင်လှိုင်က ပရိသတ်တွေကို ပြန်လည်မျှဝေထားတာပဲ ဖြစ်ပါတယ်နော်..။

တက်အားသရွေ့ပါဝင်လှုပ်ရှားခဲ့ကြတဲ့ ခင်လှိုင်နဲ့အတူ အခြားသောအနုပညာရှင်တွေရဲ့ လှုပ်ရှားမှုလေးတွေကိုလည်း သဘောကျကာ အားပေးထောက်ခံတဲ့ မှတ်ချက်လေးတွေလည်း ပေးထားကြတာ တွေ့ရပါတယ်နော်..။

Photo Credit - Khin Hlaing's Fb Acc
Photo Credit - Khin Hlaing's Fb Acc
Photo Credit - Khin Hlaing's Fb Acc

သတင်းအရင်းမြစ်: Khin Hlaing's Fb Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။