ပြည်သူပရိသတ်တွေနဲ့အတူ လမ်းဘေးမှာထိုင်ကာ သွေးသစ္စာသီချင်းကိုအားမာန်အပြည့်နဲ့သီဆိုအားဖြည့်နေတဲ့ လင်းအောင်ခေတ်ရဲ့ဗီဒီယို

//s9.kh1.co/33/33e4c5f716e43409a4540dd12ccd2ca0293a55d5.jpg
အနုပညာရှင်များ

 ၂၄-ဖေ-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် ပြည်သူပရိသတ်တွေနဲ့အတူ အနုပညာရှင်တွေကလည်း ပြည်သူလုထုနဲ့အတူလှုပ်ရှားမှုတွေမှာ အားတက်သရောပူးပေါင်းပါဝင်နေကြတာကို ပရိသတ်တွေလည်းတွေ့မြင်ကြမယ်ထင်ပါတယ်နော်.....။ အခုလိုပြည်သူနဲ့အတူ ရဲရဲဝံ့ဝံ့ရပ်တည်ပြီး ပူးပေါင်းပါ၀င်ကြတဲ့အနုပညာရှင်တွေအပြင် တတ်နိုင်တဲ့ဘက်ကနေလည်း လှူဒါန်းမှုတွေပြုလုပ်ပြီး ကူညီအားဖြည့်မှုတွေပြုလုပ်နေတဲ့ အနုပညာရှင်တွေလည်း များစွာရှိကြတာလည်းကို ပရိသတ်ကြီးတွေ့မြင်ကြမယ်ထင်ပါတယ်။

Photo credit-​ Lin Aung Khit's Facebook acc
Photo credit-​ Lin Aung Khit's Facebook acc
Photo credit-​ Lin Aung Khit's Facebook acc
Photo credit-​ Lin Aung Khit's Facebook acc

နယ်ပယ်ပေါင်းစုံကနေ ပူးပေါင်းပါ၀င်‌လာကြတဲ့ လူထုလှုပ်ရှားမှုကြီးမှာဆိုရင် မော်ဒယ်လ်သရုပ်ဆောင် လင်းအောင်ခေတ်ကလည်း တစ်ထောင့်တစ်နေရာကနေ ပါ၀င်အားဖြည့်ပေးနေတာလည်းဖြစ်ပါတယ်။ လင်းအောင်ခေတ်ဟာ လူထုလှုပ်ရှားမှုတွေစတင်ခဲ့တဲ့ရက်တည်းက ပြည်သူတစ်ယောက်အနေနဲ့ပူးပေါင်းပါ၀င်လာခဲ့တာဖြစ်ပြီး အစားအသောက်တွေနဲ့ အအေးဘူးတွေကိုလည်း လှူဒါန်းခဲ့တာဖြစ်ပါတယ်။

Photo credit-​ Lin Aung Khit's Facebook acc
Photo credit-​ Lin Aung Khit's Facebook acc
Photo credit-​ Lin Aung Khit's Facebook acc
Photo credit-​ Lin Aung Khit's Facebook acc

အခုဆိုရင်လည်း လင်းအောင်ခေတ်ဟာ လှည်းတန်းကလူထုပရိသတ်တွေနဲ့အတူ ပူးပေါင်းပါ၀င်ကာ လမ်းဘေးမှာထိုင်ရင်း သွေးသစ္စာသီချင်းကို သီဆိုအားဖြည့်နေတာပဲဖြစ်ပါတယ်။ လင်းအောင်ခေတ်ဟာ ဒီဗီဒီယိုလေးကို သူ့ရဲ့ Facebook my dayလေးမှာ တင်ပေးထားခဲ့တာဖြစ်ပြီး ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-​ Lin Aung Khit's Facebook acc
Photo credit-​ Lin Aung Khit's Facebook acc

သတင်း အရင်းအမြစ်Lin Aung Khit's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T