ငယ်ငယ်ကတည်းက အားကျခဲ့ရတဲ့ ဆုကို ရရှိခဲ့ပေမယ့် လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် မပျော်နိုင်ပဲ စိတ်ပင်ပန်းနေရတယ်ဆိုတဲ့ မေလသံစဥ်

//s9.kh1.co/20/20a448eae708972ca567436fb528c9adf05b1673.jpg
အနုပညာရှင်များ

 ၂၄-ဖေ-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

အသက်ငယ်ငယ်လေးနဲ့ ဂီတတူရိယာပေါင်းစုံကို တီးခတ်နိုင်သူဖြစ်လို့ ပရိသတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက်ရရှိထားသူလေးကတော့ အဆိုတော် မေလသံစဥ်ပဲ ဖြစ်ပါတယ်။ မေလက ချိုသာတဲ့အသံလေးကို ပိုင်ဆိုင်ထားကာ သီချင်းတွေကိုလည်း ပိုင်ပိုင်နိုင်နိုင်နဲ့ သီဆိုနိုင်တာ ဖြစ်လို့ ဂီတလမ်းကြောင်းထက်မှာ အောင်မြင်မှုတွေများစွာရရှိထားတာဖြစ်ပါတယ်။ လက်ရှိမှာဆိုရင်လည်း မေလက တစ်ကိုယ်တော်အယ်ဘမ်လ်တွေကို ထွက်ရှိထားတာဖြစ်ပါတယ်။ 

Photo credit - May La Thanzin's facebook account
Photo credit - May La Thanzin's facebook account
Photo credit - May La Thanzin's facebook account
Photo credit - May La Thanzin's facebook account

အဆိုတော်တစ်ယောက်အနေနဲ့သာမကပဲ သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်တဲ့ သူမက အကယ်ဒမီရွှေကြိုမယ် အဖြစ် ရွေးချယ်ခြင်းခံရတာလည်း ဖြစ်ပါတယ်။ မေလသံစဥ်က သူမရဲ့ လှုပ်ရှားမှုလေးတွေကို လူမှုကွန်ယက် ဆိုရှယ်မီဒီယာထက်ကတစ်ဆင့် ပရိသတ်တွေထံ ဝေမျှလေ့ရှိတာဖြစ်ပြီး ယနေ့မှာလည်း ပိုစ့်တစ်ခုတင်ပေးလာခဲ့ပါတယ်။ ဒါကတော့ သူမရဲ့ အနုပညာထူးချွန်မှုကြောင့် ရရှိခဲ့တဲ့ ဆုပုံလေးကို တင်ပေးလာတာပါ။ 

Photo credit - May La Thanzin's facebook account
Photo credit - May La Thanzin's facebook account
Photo credit - May La Thanzin's facebook account
Photo credit - May La Thanzin's facebook account

ပုံလေးအပြင် မေလက " ငယ်ကတည်းက အားကျခဲ့ရတဲ့ ဆုလေး ခုမှ လက်ထဲရောက်တယ်? City FM က ဆုကြေငြာတာ (၃၀)ရက်နေ့ည ..ဓာတ်ပုံလေးတောင် မရိုက်ရခင် စိတ်ပျက်လက်ပျက်နေ့ရက်တွေနဲ့ ခုထိရင်ဆိုင်နေရတုန်းပဲ ဗျာ?? " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားပါသေးတယ်။ မေလသံစဥ်က ဆုရရှိခဲ့ပေမယ့်လည်း လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် မပျော်နိုင်ပဲ စိတ်ပင်ပန်းနေရတယ်ဆိုတဲ့အကြောင်းပြောပြလာခဲ့တာဖြစ်လို့ ပရိသတ်တွေ ကြည့်ရှုစေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။ 

Photo credit - May La Thanzin's facebook account
Photo credit - May La Thanzin's facebook account
Photo credit - May La Thanzin's facebook account
Photo credit - May La Thanzin's facebook account

သတင်း အရင်းအမြစ်Source - May La Thanzin's facebook account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T