ကျန်းမာရေးအတွက်သာမက အလှအပအတွက်ပါ များစွာအကျိုးပြုတဲ့ ကြက်သွန်နီ

//s9.kh1.co/2b/2b680b8288acbd0c763a02af8d6ceaf54bcae838.jpg
ဗဟုသုတအဖြာဖြာ

 ၂၄-ဖေ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ကြက်သွန်နီဟာ ကြိုက်တဲ့သူလည်း များသလို မကြိုက်တဲ့သူတွေလည်း များစွာရှိကြပါတယ်။

ကျန်းမာရေး ရှုထောင့်ကနေကြည့်မယ်ဆိုတော့ လူ့ခန္ဓာကိုယ်အတွက် ကောင်းကျိုးတွေများစွာ သယ်ဆောင်လာပေးနိုင်တဲ့ ကြက်သွန်နီကို ပုံမှန်လေး စားပေးသင့်ပါတယ်။

ကြက်သွန်နီဟာ ကျန်းမာရေးအတွက် ကောင်းကျိုး ဖြစ်စေရုံသာမကပဲ အလှအပရေးရာအတွက်ပါ အသုံးဝင်တာကြောင့် ကြက်သွန်နီရဲ့ အစွမ်းထက်ပုံလေးတွေကို ပရိသတ်တွေအတွက် ဖော်ပြပေးချင်ပါတယ်။

Photo from google
Photo from google

ပထမဆုံးတစ်ချက်အနေနဲ့ ကြက်သွန်နီကို သကြားနဲ့ရောကြိုပြီး သောက်ပေးပါက ဆီချိုးရောဂါရှိသူတွေကို သက်သာလာစေပါတယ်။

ဒါ့အပြင် ကြက်သွန်နီဟာ သတိမေ့နေတဲ့ သူတွေကို သတိပြန်ရလာအောင် လုပ်တဲ့နေရာမှာလည်း သုံးလို့ရပါတယ်။ သတိမေ့နေသူကို ကြက်သွန်နီနံ့ ရှူခိုင်းတာပဲ ဖြစ်ဖြစ် ကြက်သွန်နီအရည်ကို နှာခေါင်းအနားတဝိုက်မှာလိမ်းပေးတာပဲ ဖြစ်ဖြစ်လုပ်ပေးမယ်ဆိုရင် သတိပြန်ရလာစေပါတယ်။

Photo from google
Photo from google

အလှအပအတွက်ဆိုရင်တော့ ကြက်သွန်နီအရည်ကို ရှာလကာရည်နဲ့ ရောပီး မျက်နှာမှာလိမ်းပေးပါက အမဲကွက်တွေနဲ့ အသားအရည်တွန့်တာကို သက်သာစေပါတယ်။

ကြက်သွန်နီကိုခြမ်းပီး မျက်ခုံးနဲ့ ဦးရေပြားကို ပွတ်ပေးမယ်ဆိုရင် မျက်ခုံးမွှေးနဲ့ ဆံပင်တွေကို သန်မာလာစေပါတယ်။

ဒါ့အပြင် ကြက်သွန်နီကို ညက်အောင်ထောင်းပြီး vinegar နဲ့ရောကာ လိမ်းပေးမယ်ဆိုရင်လည်း မှဲ့ ၊ ဝဲ နဲ့ ဝဲခြောက်တွေကို ပျောက်ကင်းစေပါတယ်။

Photo from google
Photo from google

သတင်း အရင်းအမြစ်Healthline

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T