ထွန်းကိုကိုကတော့ အနုပညာအလုပ်တွေကိုလုပ်ကိုင်းရင်း လူမှုအကျိုးပြုလုပ်ငန်းတွေမှာလည်း ကိုယ်တိုင်ပါဝင် လုပ်ကိုင်ပေးနေတာဖြစ်ပြီး ပြည်သူချစ်တဲ့ လေးစားစရာ အနုပညာရှင်လေးတစ်ယောက်ပါ ။ ဒါ့အပြင် အလှူအတန်းတွေမှာဆိုရင်လည်း တက်နိုင်သလောက် ပါဝင်လှူဒါန်းပေးလေ့ရှိတာကိုလည်း တွေ့ရပါတယ်။ စိတ်ထားပြည့်ဝပြီး ရိုးရိုးရှင်းရှင်း နေထိုင်တတ်လို့လည်း လူချစ်လူခင်ပေါများနေတာပါ ။
ထွန်းကိုကိုကတော့ ခုမြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူတစ်ယောက်အနေနဲ့တာ၀န်ကျေပွန်ကာ တက်နိုင်သလောက်ပါဝင်ရင်း ပြည်သူနဲ့အတူ ရပ်တည်ခဲ့ပါတယ်။တဖြည်းဖြည်းနဲ့အရှိန်အဟုန်မြင့်လာတဲ့ လူထုလှုပ်ရှားမှုကြီးဟာဆိုရင် တစ်ဆထက်တစ်ဆ အားကောင်းလာတာလည်းဖြစ်ပါတယ်နော်။
အခုလည်း ထွန်းကိုကိုက ပဲခူးသားစစ်စစ်ဖြစ်တာကြောင့် ပဲခူးကပြည်သူတွေကို သူကိုယ်တိုင် ဦးဆောင်ကာ အားကြိုးမာန်တက် လှုပ်ရှားမှုတွေပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် " ပဲခူးမှာ မွေးတဲ့ ပဲခူးသားစစ်စစ် အမျိုးသားကျောင်းကဆိုတော့ ပဲခူးပြည်သူနဲ့ အတူ နွေဦးတော်လှန်ရေး ပဲခူးသားတွေညီရဲ့လားဟေ့ "ဆိုတဲ့စာလေးကိုလည်းဝေမျှထားပါသေးတယ်။ပရိသတ်ကြီးလည်း တိုင်းပြည်အတွက် တက်နိုင်တဲ့ဘက်ကနေ ပါဝင်ခဲ့တဲ့ ထွန်းကိုကို ကို ဂုဏ်ပြုပေးလိုက်ပါဦးနော်။
Source & Photo Credit : Yanpaing Tunko Facebook Account