အားမာန်အပြည့်နဲ့နေပူကြီးထဲမှာတောင် ဇွဲမလျှော့ပဲ နေ့စဉ်ရက်ဆက်ပြည်သူနဲ့အတူ၀န်းရံနေတဲ့ မြနှင်းရည်လွင်

//s9.kh1.co/29/296a115cb5549c22af20e2349bbf1d1e97adf2f6.jpg
အနုပညာရှင်များ

 ၂၄-ဖေ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလောမြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ကြောင့် ပြည်သူလူထုအနေနဲ့ တတ်နိုင်တဲ့ဘက်ကနေအစွမ်းကုန်ပါ၀င်လှုပ်ရှားနေကြကာ ငြိမ်းချမ်းစွာနဲ့လုပ်ဆောင်နေကြတာကို အားလုံးလည်းသိမြင်ကြမယ်ထင်ပါတယ်နော်.....။ အခုလိုဖြစ်ပေါ်လာတဲ့ အခြေအနေအတွင်းမှာ အနုပညာရှင်တွေအနေနဲ့လည်း ပြည်သူထဲကပြည်သူတွေပဲဖြစ်တာမလို့ တတ်နိုင်တဲ့ဘက်ကနေ ပရိသတ်တွေနဲ့တစ်သားတည်းရပ်တည်ကာ လှုပ်ရှားမှုတွေပြုလုပ်နေကြတာဖြစ်ပါတယ်။

Photo credit-​ Mya Hnin Yee Lwin's Facebook acc
Photo credit-​ Mya Hnin Yee Lwin's Facebook acc
Photo credit-​ Mya Hnin Yee Lwin's Facebook acc
Photo credit-​ Mya Hnin Yee Lwin's Facebook acc

အခုလိုလှုပ်ရှားမှုတွေကို တက်ကြွစွာပါဝင်နေတဲ့အနုပညာရှင်တွေထဲမှာဆိုရင် Mrtv-4ရဲ့ မင်းသမီးချောတစ်ယောက်ဖြစ်တဲ့ မြနှင်းရည်လွင်လည်း အပါအ၀င်ဖြစ်ပါတယ်။ မြနှင်းရည်လွင်ဟာ လူထုလှုပ်ရှားမှုတွေစတင်ခဲ့တဲ့ ပထမရက်တည်းကစကာ ပြည်သူတစ်ယောက်အနေနဲ့ တက်ကြွစွာပါ၀င်လှုပ်ရှားခဲ့တာဖြစ်ပြီးတော့ လူထုလှုပ်ရှားမှု Campaignတိုင်းလိုလိုမှာပါ၀င်နေတာကိုလည်း တွေ့ရပါတယ်နော်....။

Photo credit-​ Mya Hnin Yee Lwin's Facebook acc
Photo credit-​ Mya Hnin Yee Lwin's Facebook acc
Photo credit-​ Mya Hnin Yee Lwin's Facebook acc
Photo credit-​ Mya Hnin Yee Lwin's Facebook acc

မြနှင်းရည်လွင်ဟာ နေ့စဉ်မပြတ်ပါ၀င်လှုပ်ရှားနေတာဖြစ်ပြီးတော့ အားကောင်းလှတဲ့လူထုလှုပ်ရှားမှုကြီးဟာဆိုရင်လည်း တစ်နိုင်ငံလုံးနီးပါး တစ်ဆထက်တစ်ဆတိုးပွားလာတာဖြစ်ပါတယ်။ အခုလိုရဲရင့်စွာနဲ့တက်ကြွလှုပ်ရှားနေတဲ့ သူမရဲ့ပုံရိပ်တွေကို မြနှင်းရည်လွင်ဟာ သူမရဲ့ Facebookစာမျက်နှာမှာ "23.2.2021
နွေဦးတော်လှန်ရေး အမှတ်တရ....." ဆိုပြီးရေးသားမျှဝေထားတာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် မမမြရဲ့ပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Photo credit-​ Mya Hnin Yee Lwin's Facebook acc
Photo credit-​ Mya Hnin Yee Lwin's Facebook acc
Photo credit-​ Mya Hnin Yee Lwin's Facebook acc
Photo credit-​ Mya Hnin Yee Lwin's Facebook acc

သတင်း အရင်းအမြစ်Mya Hnin Yee Lwin's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T