ကလေးတွေနဲ့အတူရှိနေချိန် လူမင်း၊ပြေတီဦးနဲ့ကိုပေါက်တို့ရဲ့မိသားစုတွေအကြောင်း တွေးမိပြီး ကိုယ့်လိပ်ပြာကိုယ်ရှက်မိကြောင်း ပြောပြလာတဲ့ ဇာနည်

//s9.kh1.co/2a/2a2a67b6b5469aedeefe699b33dbb9195e1e4705.jpg
အနုပညာရှင်များ

 ၂၄-ဖေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ကလေးတွေနဲ့အတူရှိနေချိန် လူမင်း၊ပြေတီဦးနဲ့ကိုပေါက်တို့ရဲ့မိသားစုတွေအကြောင်း တွေးမိပြီး ကိုယ့်လိပ်ပြာကိုယ်ရှက်မိကြောင်း ပြောပြလာတဲ့ ဇာနည်

ပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ကားတိုင်းကို အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်လျက်ရှိနေတဲ့ ဇာနည်ကတော့ ပရိသတ်တွေရဲ့ ရင်ထဲမှာနေရာတစ်ခုကိုရယူထားနိုင်သူတစ်ယောက်ဖြစ်ပြီး ပျော်ရွှင်စရာမိသားစုလေးကို ပိုင်ဆိုင်ထားပါတယ်။ သူကတော့ လက်ရှိဖြစ်ပွားနေတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး ပြည်သူတွေရဲ့ဆန္ဒနဲ့ထပ်တူကျသူတစ်ယောက်ပဲဖြစ်ပါတယ်။ ဇာနည်ကတော့ ယခုမှာ ဝိုင်း၊လူမင်း၊ပြေတီဦး၊ကိုပေါက်၊လင်းလင်းတို့နဲ့ ပတ်သက်ပြီး စိတ်မကောင်းဖြစ်နေခဲ့ပါတယ်။

Photo Credit: Zarni Htay ' s Facebook Acc
Photo Credit: Zarni Htay ' s Facebook Acc
Photo Credit: Zarni Htay ' s Facebook Acc
Photo Credit: Zarni Htay ' s Facebook Acc

ဇာနည်ကတော့ ကလေးတွေနဲ့အတူရှိနေချိန် လူမင်း၊ပြေတီဦးနဲ့ကိုပေါက်တို့ရဲ့မိသားစုတွေအကြောင်း တွေးမိပြီး ကိုယ့်လိပ်ပြာကိုယ်ရှက်မိကြောင်း ပြောပြလာခဲ့ပါတယ်။ ဇာနည်ကတော့ " ကျွန်​တော့်ရဲ့ ညီအစ်ကိုသူငယ်ချင်း​​တွေကအခုလိုဖမ်းဆီးခံဘ၀  ၀ရမ်းပြေးဘ၀တွေနဲ့နေနေရတာဟာလုံး၀မဖြစ်သင့်ပါ..ယခုအ​​ခြေအ​နေမျိုးကိုကျွန်​တော့်အ​နေနဲ့လက်ခံနိုင်စွမ်းလည်းလုံး၀ (လုံး၀)မရှိသလိုဘယ်သောအခါမှာမှလည်းလက်ခံမှာမဟုတ်ပါ "ဆိုပြီး ရေးသားထားခဲ့ပါတယ်။

Photo Credit: Zarni Htay ' s Facebook Acc
Photo Credit: Zarni Htay ' s Facebook Acc
Photo Credit: Zarni Htay ' s Facebook Acc
Photo Credit: Zarni Htay ' s Facebook Acc

ဇာနည်ကတော့ " ယခုကျွန်​တော့်ရဲ့မိသားစုကလေး​တွေနဲ့အတူရှိ​နေတဲ့အချိန်တိုင်းမှာ သူတို့မိသားစုနဲ့သူတို့က​လေး​​တွေအတွက် ​တွေးမိပြီး...ကိုယ့်လိပ်ပြာကိုယ်ရှက်နေရပါတယ်ကျွန်​တော့်ညီအစ်ကိုသူငယ်ချင်းများနည်းတူမြန်မာတစ်နိုင်ငံလုံးမှ ဖမ်းဆီးထိန်းသိမ်းချုပ်ချယ်ခံ​နေရတဲ့သူများအတွက်လည်း ထပ်တူခံစား၀မ်းနည်းရပါတယ်သူတို့အားလုံးကိုအမြန်ဆုံးပြန်လည်လွှတ်​ပေးဖို့နဲ့ သူတို့မိသားစု​တွေဆီကိုသူတို့ လုံခြုံစိတ်ချစွာ အမြန်ဆုံးပြန်​ရောက်ဖို့အတွက် ကိုအများနည်းတူလေးလေးနက်နက်နဲ့ဆန္ဒပြုတောင်းဆိုလိုက်ပါတယ် "ဆိုပြီး ရေးသားထားခဲ့ပါတယ်။

Source: Zarni Htay ' s Facebook Acc

Photo Credit: Zarni Htay ' s Facebook Acc
Photo Credit: Zarni Htay ' s Facebook Acc
Photo Credit: Zarni Htay ' s Facebook Acc
Photo Credit: Zarni Htay ' s Facebook Acc
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T