လမ်းမထက်တွင်တက်ကြွစွာပါဝင်လှုပ်ရှားနေတဲ့ပြည်သူတွေအတွက်ကော်ဖီအေးနဲ့ကြက်ဥပြုတ်များဝေဌလှူဒါန်းခဲ့တဲ့ နေဆန်းတို့ဇနီးမောင်နှံ

//s9.kh1.co/ef/ef346cb7b20601de11f010b07b2f131139a53a89.jpeg
အနုပညာရှင်များ

 ၂၄-ဖေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.


လတ်တလောဖြစ်ပေါ်နေတဲ့  လူထုလှုပ်ရှားမှုတွေမှာ  ပြည်သူတွေသာမကဘဲ  နာမည်ကြီးအနုပညာရှင်များနှင့်  အခြားသောနယ်ပယ်က ပညာရှင်များစွာလည်း  ပူးပေါင်းပါဝင်နေကြတာလည်း  ဖြစ်ပါတယ်။   ဒီလှုပ်ရှားမှုမှာ  ပါဝင်တဲ့  အနုပညာရှင်များထဲတွင်  သရုပ်ဆောင်  နေဆန်းတို့ဇနီးမောင်နှံလည်း အပါအဝင်ပဲ  ဖြစ်ပါတယ်။  ပြည်သူတွေနဲ့အတူ  အမှန်တရားဘက်က  ရပ်တည်ပေးတဲ့အတွက်လည်း  ပရိသတ်တွေက  လေးစားနေကြတာလည်း  ဖြစ်ပါတယ်။

Photo Crd-Chaw Su’s Facebook Account 
Photo Crd-Chaw Su’s Facebook Account 
Photo Crd-Chaw Su’s Facebook Account 
Photo Crd-Chaw Su’s Facebook Account 

သူငယ်ချင်းမိတ်ဆွေများနဲ့အတူ  ရန်ကုန်မြို့က  လမ်းမထက်တွင်  သူတို့ရဲ့ ရင်ထဲက  ဆန္ဒအမှန်တွေကို  ထုတ်ဖော်ပြသနေကြတဲ့  ပြည်သူတွေအတွက်  နေ့စဉ်  စားစရာ၊ သောက်စရာများအား  လှူဒါန်းပေးနေတာလည်း  ဖြစ်ပါတယ်။  သူတို့ရဲ့ လှူဒါန်းမှုတွေကိုလည်း  သာဓုခေါ်ဆိုနိုင်ရန်  လူမှုကွန်ယက်စာမျက်နှာထက်တွင်  ဝေမျှပေးနေတာလည်း  ဖြစ်ပါတယ်။  နေဆန်းတို့ ဇနီးမောင်နှံဟာ ကျရာအခန်းကဏ္ဍကနေ  ပြည်သူတွေနဲ့အတူ  အုတ်တစ်ချပ်  သဲတစ်ပွင့်  ပါဝင်ဆောင်ရွက်နေတာဟာလည်း  ချီးကျူးစရာကောင်းလွန်းပါတယ်နော်။

Photo Crd-Chaw Su’s Facebook Account 
Photo Crd-Chaw Su’s Facebook Account 
Photo Crd-Chaw Su’s Facebook Account 
Photo Crd-Chaw Su’s Facebook Account 

မကြာသေးခင်  မိနစ်ပိုင်းလောက်ကလည်း  နေဆန်းဇနီးရဲ့ Facebook အကောင့်တွင်  ပုံလေးတွေ  တင်ထားတာလည်း  ဖြစ်ပါတယ်။  ဒါကတော့  လမ်းမထက်တွင်တက်ကြွစွာပါဝင်လှုပ်ရှားနေတဲ့ပြည်သူတွေအတွက်ကော်ဖီအေးနဲ့ကြက်ဥပြုတ်များဝေဌလှူဒါန်းခဲ့တဲ့ နေဆန်းတို့ဇနီးမောင်နှံရဲ့ ပုံရိပ်တွေပဲ  ဖြစ်ပါတယ်။  " မနေ့က လုပ်အားဒါနကုသိုလ် အလှူလေးပါရှင်

?????(23.2.2021)

UN ရုံးရှေ့ရောက်တယ်?

ဆူးလေ လည်းရောက်ခဲ့ပါသေးတယ်??‍♀️

ကော်ဖီ အေး နဲ့ကြက်ဥပြုတ် ဝေငှလှူဒါန်းပါတယ်ရှင်?☕?☕?☕

ကော်ဖီ အေးအေးလေးက လူကြိုက်အရမ်းများလို့

 အများကြီးပါလည်း ဝေရတာ ခဏလေးရယ်

လှူပေးတဲ့အလှူရှင်အပေါင်းသူတော်ကောင်းများကိုလည်း ကျေးဇူးတင်ပါတယ်နော်

ဒီထက်မကလှူနိုင်ပါစေရှင်?????" ဆိုပြီး ရေးသားထားတာပဲ  ဖြစ်ပြီး  ပရိသတ်တွေအတွက်  ဒီသတင်းလေးကို  တစ်ဆင့်  ပြန်လည်ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။   အားလုံးပင်ပန်းနေကြတာ သိပေမယ့်လည်း  ဒီလူထုလှုပ်ရှားမှုများတွင်  ပါဝင်ပူးပေါင်းပေးကြပါဦးလည်း  တိုက်တွန်းလိုက်ပါရစေနော်။ 

Source and Photo Crd- Chaw Su’s Facebook Account 

Photo Crd-Chaw Su’s Facebook Account 
Photo Crd-Chaw Su’s Facebook Account 
Photo Crd-Chaw Su’s Facebook Account 
Photo Crd-Chaw Su’s Facebook Account 
Photo Crd-Chaw Su’s Facebook Account 
Photo Crd-Chaw Su’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T