အိမ်မှာနားပြီး အမေ့ကိုပဲစောင့်ရှောက်ပါလို့ပြောတာတောင် နိုင်ငံအတွက် နေ့တိုင်းအပင်ပန်းခံနေတဲ့ အဖေ့ကိုကြည့်ကာစိတ်ပူနေတဲ့ မင်းမော်ကွန်းတို့ညီအစ်ကို

//s9.kh1.co/84/84f31047c5f6229bccabf126514b07a0b4f9f4ab.jpg
အနုပညာရှင်များ

 ၂၄-ဖေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

အိမ်မှာနားပြီး အမေ့ကိုပဲစောင့်ရှောက်ပါလို့ပြောတာတောင် နိုင်ငံအတွက် နေ့တိုင်းအပင်ပန်းခံနေတဲ့ အဖေ့ကိုကြည့်ကာစိတ်ပူနေတဲ့ မင်းမော်ကွန်းတို့ညီအစ်ကို

ပရိသတ်အချစ်တော် မင်းသားချောလေးဖြစ်တဲ့ မင်းမော်ကွန်းကတော့ သားနှစ်ယောက်၊သမီးတစ်ယောက် ပိုင်ဆိုင်ထားရပြီး ကိုယ်ပိုင်မိသားစုဘဝလေးကို တည်ဆောက်ထားသူ ဖြစ်ပါတယ် ။ သားသမီးတွေကိုအရမ်းချစ်တဲ့ မင်းမော်ကွန်းက အခုချိန်မှာတော့ နိုင်ငံအတွက် ကိုယ်ကျိုးစွန့်ပြီး တတ်နိုင်သလောက် တာဝန်ကျေပွန်နေတာ ဖြစ်ပါတယ် ။ လက်ရှိမှာ‌ဆိုရင် မင်းမော်ကွန်းက လူထုလှုပ်ရှားမှုတွေမှာ နေ့တိုင်းနီးပါး တက်တက်ကြွကြွပါဝင်နေတာပဲ ဖြစ်ပါတယ် ။

Photo Credit -Htay Lwin's FB Acc 
Photo Credit -Htay Lwin's FB Acc 
Photo Credit -Htay Lwin's FB Acc 
Photo Credit -Htay Lwin's FB Acc 

မင်းမော်ကွန်းနဲ့အတူ သူ့ရဲ့ဖခင်ဖြစ်တဲ့ ဝါရင့်သရုပ်ဆောင်ကြီး ဦးဇင်ဝိုင်းကလည်း တစ်ရက်မှမနားဘဲ လမ်းပေါ်ထွက်ပြီး ပြည်သူလူထုနဲ့အတူ ရပ်တည်နေတာ ဖြစ်ပါတယ် ။ ဦးဇင်ဝိုင်းကတော့ အနုပညာရှင်များအဖွဲ့နဲ့အတူ လူထုလှုပ်ရှားမှုတွေမှာ ရှေ့ဆုံးကနေ ဦးဆောင်ပါဝင်ပြီး အားဖြည့်ပေးနေတာပဲ ဖြစ်ပါတယ် ။ နိုင်ငံ့အကျိုးအတွက် အပင်ပန်းခံကာ ကြိုးစားပေးနေတဲ့ ဖခင်ကြီးဇင်ဝိုင်းကိုကြည့်ပြီး မင်းမော်ကွန်းတို့ညီအစ်ကိုနှစ်ယောက်လုံးက အရမ်းစိတ်ပူနေရတာပဲ ဖြစ်ပါတယ် ။

Photo Credit -Htay Lwin's FB Acc 
Photo Credit -Htay Lwin's FB Acc 
Photo Credit -Htay Lwin's FB Acc 
Photo Credit -Htay Lwin's FB Acc 
Photo Credit -Htay Lwin's FB Acc 
Photo Credit -Htay Lwin's FB Acc 

အခုလည်း မင်းမော်ကွန်းက ညီလေးကြည်သာဌေးလွင်ရေးထားတဲ့ စာလေးကို ပြန်လည်မျှဝေထားတာ ဖြစ်ပါတယ် ။ ဒါ့အပြင် မင်းမော်ကွန်းက "အဖေနားပါအဖေ သားတို့တောင် လူရောစိတ်ရောပင်ပန်းနေတာ အဖေဆိုပိုပင်ပန်းမှာ မပြောပေမယ့် သိနေလို့ပါအဖေရယ် အဖေ့ကိုအရင်လိုထပ်ပြီး နည်းပေါင်းစုံနဲ့နှိပ်စက်တာမခံစေချင်ပါဘူး သားတာဝန်ထားပါအဖေ အမေ့ကိုပဲစောင့်ရှောက်ပေးပါ အိမ်မှာအဖေနဲ့သား တစ်ယောက်ယောက်တော့ ရှိနေမှဖြစ်မှာပါ" ဆိုပြီး အဖေကိုနားဖို့ ပြောထားသေးတာပဲ ဖြစ်ပါတယ် ။ ဇင်ဝိုင်းကတော့ စိတ်ဓာတ်ပြင်းပြပြီး ရဲရင့်သူဖြစ်တာကြောင့် အိမ်မှာတစ်ရက်မှမနားဘဲ လူထုလှုပ်ရှားမှုတွေမှာ အားသွန်ခွန်စိုက်ပါဝင်နေတာ ဖြစ်ပါတယ် ။

Source & Photo Credit -Kyaw Kyaw Htay Lwin's FB Acc & Kyi Thar Htay Lwin's FB Acc

Photo Credit -KyiThar Htay Lwin's FB Acc 
Photo Credit -KyiThar Htay Lwin's FB Acc 
Photo Credit -Htay Lwin's FB Acc 
Photo Credit -Htay Lwin's FB Acc 
Photo Credit -KyiThar Htay Lwin's FB Acc 
Photo Credit -KyiThar Htay Lwin's FB Acc 
Photo Credit -KyiThar Htay Lwin's FB Acc 
Photo Credit -KyiThar Htay Lwin's FB Acc 
Photo Credit -Kyaw Kyaw Htay Lwin's FB Acc 
Photo Credit -Kyaw Kyaw Htay Lwin's FB Acc 
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T