နေ့စဉ်ရက်ဆက် နေပူကြီးထဲမမောနိုင်မပန်းနိုင်အောင်ပြည်သူတွေနဲ့အတူအားကြိုးမာန်တက်သံပြိုင်ဟစ်ကြွေးနေတဲ့ ဖွေးဖွေးရဲ့ဗီဒီယို

//s9.kh1.co/f7/f76b490a56e3b1f9693bdedeb94749fa6e723f2e.jpeg
အနုပညာရှင်များ

 ၂၄-ဖေ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  မင်းသမီးချောလေး  ဖွေးဖွေးကတော့  တစ်နိုင်ငံလုံးက  ချစ်ခင်အားပေးနေရတဲ့  ထိပ်တန်းမင်းသမီးချောလေး  တစ်လက်လည်း  ဖြစ်ပါတယ်။  ဖွေးဖွေးဟာ  ပြည်သူတွေထဲက  ပြည်သူတစ်ဦးဖြစ်တာကြောင့်  လတ်တလောဖြစ်ပေါ်နေတဲ့  လူထုလှုပ်ရှားမှုတွေမှာ  တက်ကြွစွာ  ပါဝင်လှုပ်ရှားနေတာလည်း  ဖြစ်ပါတယ်။ သူမဟာ  ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှအကုန်ထုတ်သုံးကာ  ဒီလှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်နေတာကြောင့်လည်း  ပရိသတ်တွေရဲ့ ချီးကျူးမှုတွေကို ရရှိနေတာလည်း  ဖြစ်ပါတယ်။

Photo Crd-Phway Phway’s Facebook Page 
Photo Crd-Phway Phway’s Facebook Page 
Photo Crd-Phway Phway’s Facebook Page 
Photo Crd-Phway Phway’s Facebook Page 
Photo Crd-Phway Phway’s Facebook Page 
Photo Crd-Phway Phway’s Facebook Page 

ဒါ့အပြင်  ဒီလှုပ်ရှားမှုမှာ  မပါသေးတဲ့  ပြည်သူ့ဝန်ထမ်းတွေလည်း  ပိုမိုပါဝင်နိုင်အောင်  တိုက်တွန်းပေးနေသူလည်း  ဖြစ်ပါတယ်။  နေပူကြီးထဲမမောနိုင်မပန်းနိုင်အောင်  ပါဝင်နေရုံသာမကဘဲ  သတင်းအချက်အလက်တွေကိုလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့်  ဝေမျှပေးနေတာလည်း  ဖြစ်ပါတယ်။  ဒါ့အပြင် လမ်းပေါ်ထွက်ပြီးသူတို့ရဲ့ ရင်ထဲက ဆန္ဒတွေကို ထုတ်ဖော်နေတဲ့ ပြည်သူတွေအတွက်  သူငယ်ချင်းတွေနဲ့စုပေါင်းပြီး အလှူလေးတွေလည်း လုပ်ကာကုသိုလ်ယူနေတာလည်း  ဖြစ်ပါတယ်။ မကြာသေးခင်  နာရီပိုင်းလောက်ကလည်း  ဖွေးစိန်လေးရဲ့Facebook Story မှာ ဗီဒီယိုလေးတစ်ခု တင်ထားတာလည်း  ဖြစ်ပါတယ်။  

Photo Crd-Phway Phway’s Facebook Page 
Photo Crd-Phway Phway’s Facebook Page 
Photo Crd-Phway Phway’s Facebook Page 
Photo Crd-Phway Phway’s Facebook Page 
Photo Crd-Phway Phway’s Facebook Page 
Photo Crd-Phway Phway’s Facebook Page 

ဒါကတော့  တစ်နေ့ပြီးတစ်နေ့မမောနိုင်မပန်းနိုင်အောင်လမ်းပေါ်ထွက်ကာပြည်သူတွေနဲ့အတူအားကြိုးမာန်တက်သံပြိုင်ဟစ်ကြွေးနေတဲ့ ဖွေးဖွေးရဲ့ဗီဒီယိုဖိုင်လေးပဲ  ဖြစ်ပါတယ်။  မနေ့ကတော့  ဖွေးစိန်လေးတစ်ယောက်  သူမရဲ့သူငယ်ချင်းတွေနဲ့ဆေးကျောင်းက ကျောင်းသား၊ကျောင်းသူတွေနှင့်အတူ ပူးပေါင်းပါဝင် လှုပ်ရှားခဲ့တာပဲ  ဖြစ်ပါတယ်။ မြန်မာပြည်ကြီး  ငြိမ်းချမ်းမှုရရှိအောင်   ဒီလူထုလှုပ်ရှားမှုတွင်  မပါဝင်သေးရတဲ့သူများလည်း  အမြန်ဆုံးပါဝင်ကြပါဦးလို့  တိုက်တွန်းရင်း  ဖွေးဖွေးရဲ့ ဗီဒီယိုဖိုင်လေးကိုပါ  တစ်ဆင့်  ပြန်လည်ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Phway Phway’s Facebook Page 

Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T