ပရိသတ်တွေကို ဒီတစ်ခေါက်မှာဆိုရင်တော့ လူတော်တော်များများ မသိကြသေးတဲ့ ကမ္ဘာ့အသေးဆုံးနိုင်ငံ အချို့ကိုဖော်ပြပေးချင်ပါတယ်။

Monaco
အဆိုပါနိုင်ငံလေးဟာ ပြင်သစ်နိုင်ငံအရှေ့တောင်ပိုင်း မြေထဲပင်လယ် ကမ်းရိုးတန်းရှိ ရီဗီးရီးယားဒေသက မြို့ပြနိုင်ငံငယ်လေးတစ်ခုဖြစ်ပါတယ်။ဒီနိုင်ငံလေးဟာ ဧရိယာ ၂ စတုရန်းကီလိုမီတာကျယ်ဝန်းပြီး နေထိုင်သူ လူဦးရေ ၄၀၀၀၀ ၀န်းကျင်လောက်သာရှိပါတယ်။

Vatican City
ဗာတီကန်စီးတီးဆိုတဲ့ နိုင်ငံလေးဟာ အီတလီနိုင်ငံ ၊ ရောမမြို့အတွင်းမှာတည်ရှိပြီး အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဧရိယာအကျယ်အဝန်း ၁၀၀ဧကလောက်ရှိပြီး လူဦးရေ၈၀၀ပဲရှိတဲ့ နိုင်ငံလေးဖြစ်ပါတယ်။

Nauru
Naury နိုင်ငံကတော့ ပစိဖိတ်သမုဒ္ဒရာတောင်ပိုင်း မိုက်ခရိုနီးရှား မှာတည်ရှိတဲ့ ကျွန်းနိုင်ငံလေး တစ်နိုင်ငံဖြစ်ပါတယ်။
ဒီနိုင်ငံလေးဟာ ၂၁ စတုရန်းကီလိုမီတာရှိပြီး အလွန်သာယာလှပတဲ့ ကျွန်းစုနိုင်ငံလေးဖြစ်ပါတယ်။

Tokelau
နယူးဇီလန်နိုင်ငံရဲ့ လက်အောက်ခံနိုင်ငံတစ်ခုဖြစ်ပီး တောင်ပစိဖိတ်သမုဒ္ဒရာ ပေါ်မှာတည်ရှိတဲ့ ကျွန်းစုနိုင်ငံလေးဖြစ်ပါတယ်။ ၄.၆ စတုရန်းမိုင်ရှိပြီး လူသီးရေ ၁၃၀၀ ၀န်းကျင်လောက်သာရှိပါတယ်။

Niue
ဒီကျွန်းစုနိုင်ငံလေးဟာလည်း နယူးဇီလန်နိုင်ငံရဲ့ လက်အောက်ခံနိုင်ငံတစ်ခုဖြစ်ပီး တောင်ပစိဖိတ်သမုဒ္ဒရာမှာပဲ တည်ရှိတာပါ။ အကျယ်အဝန်းကတော့ ၁၀၀ စတုရန်းမိုင် မိုင်ရှိပြီး လူဦးရေ ၁၆၀၀ ၀န်းကျင်လောက် နေထိုင်ကြပါတယ်။
သတင်းအရင်းမြစ်: Brightside
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။