အကြောက်တရားကင်းပြီး အမှန်ကို ရဲရဲဝံ့ဝံ့ ပြောနိုင်ဖို့ သားကို ပေးစား တစ်စောင် ရေးသားခဲ့တဲ့ ကိုပေါက်

//s9.kh1.co/52/5262e00c5b4ad0f056958488418b6676b78c1c96.jpg
အနုပညာရှင်များ

 ၂၃-ဖေ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ကဲ....ပရိသတ်ကြီးတို့ အနေနဲ့ အနုပညာလောကမှာနာမည် တစ်လုံးနဲ့ အောင်မြင်ကျော်ကြားလူကြိုက်များနေတဲ့ ကိုပေါက်ကို တော့ အားလုံးသိကြမယ် ထင်ပါတယ်။ သရုပ်ဆောင် တစ်ဦး အနေနဲ့ အနုပညာလောကထဲကို ဗီဒီယို ခေတ်ကတည်းက ရောက်ရှိလာခဲ့ပြီးယခုအချိန်မှာတော့ နေရာ တစ်ခုထိ ရောက်ရှိ အောင်မြင်နေပြီပဲ ဖြစ်ပါတယ်။ ဟာသ ညဏ်ရွှင်ပြီး ရယ်ကာ မောကာ စစနောက်နောက်နေတက်တာ ကြောင့် ကိုပေါက် တစ်ယောက်ဟာ ပရိသတ်တွေ အားပေး ဝန်းရံတာ ကို ခံနေရတဲ့ သူတစ်ဦးပဲ ဖြစ်ပါတယ်။

Photo Crd - Aung Min Naing's FB account
Photo Crd - Aung Min Naing's FB account
Photo Crd - Aung Min Naing's FB account
Photo Crd - Aung Min Naing's FB account

ဘယ်ဇာတ်ရုပ်လာလာပီပြင်ပြောင်မြောက်လှတဲ့ သရုပ်ဆောင် အရည်အချင်းရှိ ရုံသာမက ကင်မရာ နောက်ကွယ်က ရိုက်ကူးတဲ့ အပိုင်းကိုပါ ကျွမ်းကျင်ပိုင်နိုင်တဲ့ ဒါရိုက်တာ တစ်ဦးလည်း ပဲ ဖြစ်ပါတယ်။ ယခုအခါမှာတော့ ကိုပေါက်ဟာ သူရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ သားကို ပေးစာ တစ်စောင် ရေးသား ဖော်ပြခဲ့တာ ပဲ ဖြစ်ပါတယ်။ ယခုအချိန်မှာ ဖြစ်ပေါ်နေတဲ့ လူထု လှုပ်ရှားမှုတွေမှာ အကြောက်တရားကင်းပြီး အမှန်ကို ရဲရဲဝံ့ဝံ့ ပြောနိုင်ဖို့ ငါ့သားတို့တော်လှန်ကြဖို့ပြောပြလာတာပဲ ဖြစ်ပါတယ်။

Photo Crd - Aung Min Naing's FB account
Photo Crd - Aung Min Naing's FB account
Photo Crd - Aung Min Naing's FB account
Photo Crd - Aung Min Naing's FB account

သူရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ

"သားသို့ပေးစာ

သားရေ

လောကကြီးက တရားပါတယ်။

မတရားတာက

အာဏာရှင်လူတစ်စု။

သားရေ

ဗုဒ္ဓဘာသာက မွန်မြတ်ပါတယ်။

ယုတ်ပတ်နေတာက ဗုဒ္ဓဘာသာအမည်ခံ

အာဏာရှင်လူတစ်စု။

သားရေ

အမှန်ကို ရဲရဲဝံ့ဝံ့မပြောရဲရင်နေပါ

မှားနေတာကိုထောက်ခံတဲ့သူတော့ မဖြစ်စေနဲ့။

သတ္တိဆိုတာ အကြောက်တရားနဲ့မခံချင်စိတ်

တွေဓာတ်ပြုပြီး မွေးဖွားတယ်သား။

အကြောက်တရားတွေကင်းပြီး

အမှန်ကိုပြောရဲဖို့အတွက်

ဖေဖေမှားနေရင်တောင်

ငါ့သားတို့ တော်လှန်ပါ။

ကိုပေါက်(ခေတ္တဝရမ်းပြေး)

၂၂.၂.၂၀၂၁

အရေးတော်ပုံ အောင်ရမည်....." ဆိုပြီး ဖော်ပြလာတာ ကို ပရိသတ်တွေ အတွက် ပြန်လည်မျှဝေပေး လိုက်တာပဲ ဖြစ်ပါတယ်နော်.......။

Photo Crd - Aung Min Naing's FB account
Photo Crd - Aung Min Naing's FB account
Photo Crd - Aung Min Naing's FB account
Photo Crd - Aung Min Naing's FB account

သတင်း အရင်းအမြစ်Aung Min Naing's FB account

Win Zaw Oo
A Win

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T