ပရိသတ်ကြီးရေ......ချစ်စရာကောင်းတဲ့ အိန်ဂျယ်လမုန်ကတော့ မော်ဒယ်အဖြစ်နဲ့ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တာ ဖြစ်ပြီး နောက်ပိုင်းတွင်တော့ ကြော်ငြာတွေနဲ့ ဇာတ်ကားတွေမှာ ပါဝင်လာတာကြောင့် လူအများရဲ့ ချစ်ခင်သဘောကျမှုကို ရရှိလာတာ ပဲဖြစ်ပါတယ်။သူမဟာ ဇာတ်လမ်းတိုလေးတွေကိုလည်း ရိုက်ကူးထားကာ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေတာကြောင့် ပရိသတ်တွေကလည်း အချစ်ပိုနေရတာ ဖြစ်ပါတယ်နော်.....။

Photo Credit -Angel Lamung FB page
Photo Credit -Angel Lamung FB page

အိန်ဂျယ်ကတော့ လတ်တလော ဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့ အတူ တစ်သားတည်း ရပ်တည်ကာ ပါဝင်နေတာပဲဖြစ်ပါတယ်။သူမ တတ်နိုင်တဲ့ဘက်ကနေလည်း ပြည်သူတွေ အတွက် ရေသန့်၊ဆေး၊စားစရာတွေကိုလည်း လိုက်ဝေကာ အားလုံးနဲ့အတူ တက်တက်ကြွကြွ လုပ်ဆောင်နေတာလည်း တွေ့ရပါတယ်။ဒီနေ့မှာဆိုရင်လည်း အားမလျော့ပဲ လမ်းပေါ်ထွက်ကာ ငြိမ်းချမ်းစွာ ဖော်ထုတ်နေတာ ဖြစ်ပါတယ်။

Photo Credit -Angel Lamung FB page
Photo Credit -Angel Lamung FB page

မကြာသေးခင်ကလည်း သူမရဲ့ လူမူကွန်ယက် စာမျက်နှာပေါ်တွင် "အပတ်စဉ် ပြက္ခဒိန်လဲမလှန်ဖြစ်တော့.....နေ့ရက်စဉ် နာရီတွေလဲမွန်းကျပ်လာသလို..မျှော်လင့်ချက်လေးတခုကလွဲလို့ ကျန်တာမပိုင်ဆိုင်.....အနာဂတ်မှုန်ဝါးဝါးလေးကလွဲလို့ ကျန်တာ ခပ်နွမ်းနွမ်းရယ်.....မေတ္တာလေးတခုကလွဲလို့ ကျန်တာ ဘယ်များရှိနိုင်မလဲ.....ဒါပေမယ့် ပြောရရင် ပိုင်ဆိုင်တာလေးတခုတော့ရှိပါဦးမယ် ဒါလေးကတော့ “______” တဲ့ . 💪🏻"ရဲရင့်ခြင်းနဲ့ စစ်မှန်ခြင်း ဆိုပြီး စာသားနဲ့အတူ ပုံရိပ်တွေကို ဖော်ပြပေးလာတာ ဖြစ်ပါတယ်။ချစ်ပရိသတ်တွေကလည်း အိန်ဂျယ့်နဲ့ ခံစားချက်ခြင်း ထပ်တူကျ လိမ့်မယ်လို့ မျှော်လင့်တာမို့ ပြန်လည် ဝေမျှပေးလိုက်ပါတယ်။

Photo Credit -Angel Lamung FB page
Photo Credit -Angel Lamung FB page

သတင်းအရင်းမြစ်: Angel Lamung FB page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။