ပရိတ်သတ်ကြီးရေ.......အမိုက်စားခန္ဓာကိုယ်ကောက်ကြောင်းနဲ့ဆွဲဆောင်မှုရှိရှိလှနေတဲ့သူလေးကတော့ပုရိသတို့အသည်းစွဲခေးကြီးလုလုအောင်ပါနော်။ သူမဟာsingle motherတစ်ယောက်အနေနဲ့လည်း အောင်မြင်စွာရပ်တည်နေနိုင်တဲ့သူဖြစ်ပြီး တစ်နေ့တခြားလည်းလှသွေးကြွယ်နေတဲ့သူလေးဖြစ်ပါတယ်။ လတ်တလောမြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ကြောင့် ပြည်သူလူထုအနေနဲ့ တတ်နိုင်တဲ့ဘက်ကနေပါ၀င်နေရုံသာမက အနုပညာရှင်တွေလည်း တတ်နိုင်တဲ့ဘက်ကနေပါ၀င်နေကြတာဖြစ်ပါတယ်။


တဖြည်းဖြည်းနဲ့အရှိန်အဟုန်မြင့်လာတဲ့ လူထုလှုပ်ရှားမှုကြီးဟာဆိုရင် တစ်ဆထက်တစ်ဆတိုးပွားလာကာ ပြည်လုံးကျွတ်(၂၂၂၂၂) လူထူလှုပ်ရှားမှုကြီးကိုလည်း ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်နော်။ အခုလို တစ်ရက်မှမပြတ်လှုပ်ရှားနေကြတဲ့ လူထုလှုပ်ရှားမှုကြီးမှာ လုလုအောင်ဟာလည်း ပြည်သူတစ်ယောက်အနေနဲ့တာ၀န်ကျေပွန်ကာ တက်ကြွစွာပါ၀င်နေတာကိုတွေ့ရပါတယ်.....။


တက်ကြွစွာပါ၀င်နေတဲ့ လုလုအောင်ဟာသူမရဲ့ လူထုလှုပ်ရှားမှုပုံရိပ်တွေကို သူမရဲ့ Facebookစာမျက်နှာမှာလည်း "သမိုင်းပေးတာဝန်ကြေချင်တယ်လေ....." ဆိုတဲ့ captionလေးနဲ့ တင်ပေးလာခဲ့ပါတယ်။ ပရိသတ်ကြီးအတွက် လုလုအောင်ရဲ့အမှတ်တရပုံလေးတွေကိုပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


သတင်းအရင်းမြစ်: Lu Lu Aung's Facebook acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။