မနေ့က ပြုလုပ်ခဲ့တဲ့ ၂၂၂၂၂ ပြည်လုံးကျွတ် လူထုလှုပ်ရှားပွဲကြီးမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်ရပ်တည်ခဲ့တဲ့ အဆိုတော် X-Box

//s9.kh1.co/ae/ae6151d93e0b8df483859ded6571c8cc817abe27.jpg
အနုပညာရှင်များ

 ၂၃-ဖေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ချစ်ရတဲ့ ပရိသတ်ကြီးရေ Rapအဆိုတော် X-Boxကတော့ စာသားအလန်းလေးတွေကို တီထွင်ရေးသားလေ့ရှိသူဖြစ်ပြီး တစ်ကိုယ်တော်အယ်ဘမ်လ်တွေလည်း ထွက်ရှိထားတာဖြစ်လို့ အနုပညာလမ်းကြောင်းထက်မှာ အောင်မြင်မှုတွေ တစ်ခဲနက်ရရှိထားတာဖြစ်ပါတယ်။ လက်ရှိ Covid ကာလမှာလည်း အဆိုတော် X-Boxက သီချင်းအသစ်လေးတွေကို ဖန်တီးနေတာဖြစ်ပြီး ပရိသတ်တွေကြား ရေပန်းစား လူကြိုက်များတာကို တွေ့ရပါတယ်။ 

Photo credit - X BOXIN's FB page
Photo credit - X BOXIN's FB page
Photo credit - X BOXIN's FB page
Photo credit - X BOXIN's FB page

ဒါ့အပြင် စမတ်ကျတဲ့ ဖက်ရှင်နဲ့ ချောမောတဲ့ သူရဲ့ ရုပ်ရည်ကြောင့်လည်း ဆယ်ကျော်သက် နှုတ်ခမ်းနီမလေးတွေ ဝန်းရံကြတာဖြစ်ပြီး အနုပညာရှင်တွေကလည်း ခင်မင်ရင်းနှီးကြပါတယ်နော်။

လူငယ်ပီပီ သွက်လက်တဲ့ X-Boxက အခမ်းအနားပွဲတွေမှာ ပါဝင်လေ့ရှိတာဖြစ်ပြီး ယခုလို မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာလည်း တစ်ထောင့်တစ်နေရာကနေ ပါဝင်နေခဲ့တာဖြစ်ပါတယ်။

Photo credit - X BOXIN's FB page
Photo credit - X BOXIN's FB page
Photo credit - X BOXIN's FB page
Photo credit - X BOXIN's FB page

ဒါကတော့ ရန်ကုန်မြို့က လူထုလှုပ်ရှားမှုပြုလုပ်နေတဲ့ ပြည်သူတွေနဲ့အတူ ရပ်တည်ဝန်းရံခဲ့တာဖြစ်ပြီး မနေ့က ၂၂၂၂၂ ပြည်လုံးကျွတ်လှုပ်ရှားပွဲကြီးကိုလည်း သွားရောက်ခဲ့တာပါ။ သွားရောက်ဝန်းရံခဲ့တဲ့ ပုံလေးတွေကို သူရဲ့ လူမှုကွန်ယက် ဖေ့ဘွတ်အကောင့်မှာ တင်ပေးလာရင်း “Everyone knows that today the people of the whole country have won ? “ ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာဖြစ်လို့ ချစ်ပရိသတ်တွေ ကြည့်ရှု့စေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo credit - X BOXIN's FB page
Photo credit - X BOXIN's FB page
Photo credit - X BOXIN's FB page
Photo credit - X BOXIN's FB page

သတင်း အရင်းအမြစ်Source - X BOXIN's FB page

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T