အနုပညာအလုပ်တွေနဲ့အလှမ်းဝေးကွာနေပြီး ပရဟိတအလုပ်တွေကိုသာ စွမ်းစွမ်းတမံလုပ်ဆောင်နေတဲ့ ဝေဠုကျော်ကတော့ ပရိသတ်တွေလေးစားနေရတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်နော်။ဝေဠုကျော်တို့ဖောင်ဒေးရှင်းက အကူအညီလိုအပ်တဲ့နေရာတိုင်းကို သွားရောက်ပြီး တတ်နိုင်သလောက်လှူဒါန်းကြတာဖြစ်ပါတယ်။ဝေဠုကျော်တို့အဖွဲ့သားတွေကတော့ ကိုယ်ကျိုးမဖက်ဘဲ မွန်မြတ်တဲ့စိတ်ထားလေးနဲ့ အကောင်းဆုံးဖြစ်အောင် ကူညီဖေးမပေးကြတာဖြစ်ပါတယ်နော်။



ဝေဠုကျော်တို့အဖွဲ့သားတွေကတော့ လက်ရှိအခြေအနေတွေမှာဆိုရင်လည်း ပြည်သူလူထုနဲ့အတူ တစ်သားတည်းပါဝင်လှုပ်ရှားနေကြတာဖြစ်ပါတယ်။ဝေဠုကျော်ကလည်း ကိုယ်တိုင်လမ်းပေါ်ထွက်ပြီး ပြည်သူတွေကိုအားကြိုးမာန်တက်ကူညီပေးတာဖြစ်လို့ လေးစားဖို့ကောင်းတဲ့မင်းသားတစ်လက်ဖြစ်ပါတယ်နော်။(၂၂.၂.၂၀၂၁)ရက်နေ့ကဆိုရင်လည်း ဝေဠုကျော်တို့အဖွဲ့သားတွေက နှစ်ဖွဲ့ခွဲပြီး လှည်းတန်းနဲ့ဆူးလေးကိုသွားရောက်ကာ ပြည်သူလူထုအတွက် အသင့်ရှိနေကြတာဖြစ်ပါတယ်။


ဝေဠုကျော်ကတော့ နေပူထဲမှာ မပင်မပန်းဘဲလှုပ်ရှားနေကြတဲ့ ပြည်သူတွေရဲ့ကျန်းမာရေးကို ရှေးဦးသူနာပြုနည်းနဲ့ပြုစုပေးခဲ့တာဖြစ်ပါတယ်။ဝေဠုကျော်တို့ဖောင်ဒေးရှင်းရဲ့ လူနာတင်ယာဉ်တွေကလည်း လမ်းပေါ်မှာအဆင့်သင့်ရှိနေတာဖြစ်လို့ တစ်ခုခုဆိုရင် အမြန်ကယ်တင်နိုင်ပါတယ်နော်။ဝေဠုကျော်တို့အဖွဲ့သားတွေက တက်ညီလက်ညီနဲ့ပြည်သူလူထုကို ကူညီဖေးမပေးနေတာဖြစ်လို့ ချီးကျူးစရာကောင်းလှပါတယ်။လူတန်းစားမခွဲခြားဘဲ ပြည်သူတိုင်းကို စိတ်ရောကိုယ်ပါနှစ်ပြီး ကူညီပေးနေကြတဲ့ ဝေဠုကျော်တို့ရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။



Source&Photo Credit:Wai Lu Kyaw Foundation’s Facebook page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။