၂၂၂၂၂ လူထုလှုပ်ရှားမှုကြီးမှာ ပြည်သူတွေနဲ့အတူ တစ်သားထဲ လမ်းမပေါ်ထွက်ကာ တက်တက်ကြွကြွပါဝင်ခဲ့တဲ့ စိုင်းစိုင်း

//s9.kh1.co/87/87918960f1eeb18d4aabe0fb0faef021da87c555.jpeg
အနုပညာရှင်များ

 ၂၃-ဖေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.....

ပရိသတ်ကြီးရေ စိုင်းစိုင်းကတော့ မြန်မာနိုင်ငံရဲ့ လူကြိုက်အများဆုံး အဆိုတော်တစ်ဦးလို့ ပြောရလောက်အောင် နာမည်ကြီးအောင်မြင်သူတစ်ယောက် ဖြစ်ပါတယ်။ စိုင်းစိုင်းက Hip Hop ,Pop , Rap ဂီတအမျိုးအစားတွေကို ကိုယ်ပိုင်သံစဉ်တွေဖန်တီးကာ စိတ်တိုင်းကျရေးစပ်သီဆိုလေ့ရှိသူတစ်ယောက်ပါ ။ ဒါ့အပြင် ကဗျာဆန်ဆန် စာသားလေးတွေကိုလည်း မိန်းကလေး ပရိသတ်တွေ အကြိုက်တွေ့အောင် ဖန်တီးရေးသားလေ့ရှိသလို ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ 

Photo credit : Sai Sai Kham Leng Facebook Page 
Photo credit : Sai Sai Kham Leng Facebook Page 
Photo credit : Sai Sai Kham Leng Facebook Page 
Photo credit : Sai Sai Kham Leng Facebook Page 

စိုင်းစိုင်းက လတ်တလောမှာဆိုရင်တော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူပရိသတ်တွေနဲ့အတူ တစ်သားတည်း ရပ်တည်နေတာဖြစ်ပြီး လှုပ်ရှားမှု ပုံလေးတွေကိုလည်း လူမှုကွန်ယက် ဖေ့ဘွတ်စာမျက်နှာထက်မှာ တင်ပေးလေ့ရှိတာတွေ့ရပါတယ်။ ဒါ့အပြင် လူထုလှုပ်ရှားမှုမှာ လိုအပ်တဲ့ ပစ္စည်းတွေနဲ့ အစားအသောက်တွေကိုလည်း တက်နိုင်တဲ့ဘက်ကနေ လိုက်လံကာလှူဒါန်းမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

Photo credit : Sai Sai Kham Leng Facebook Page 
Photo credit : Sai Sai Kham Leng Facebook Page 
Photo credit : Sai Sai Kham Leng Facebook Page 
Photo credit : Sai Sai Kham Leng Facebook Page 

အခုလည်း ဂီတအနုပညာမောင်နှမတွေနဲ့အတူ နှစ်ငါးလုံးတော်လှန်ရေးမှာ ပြည်သူတွေနဲ့အတူ တစ်သားထဲ လမ်းမပေါ်ထွက်ကာ လှုပ်ရှားမှုတွေပြုလုပ်ခဲ့ပြန်ပါတယ်။ ပုံလေးတွေနဲ့အတူ  " ဒီနေ့ ၂၂၂၂၂ နွေဦးတော်လှန်ရေး စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် ဂီတအနုပညာရှင်များနှင့်အတူ " ဆိုတဲ့စာလေးကို သူရဲ့အကောင့်မှာ အမှတ်တရဖော်ပြထားရာ ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်စေရန် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Photo credit : Sai Sai Kham Leng Facebook Page 
Photo credit : Sai Sai Kham Leng Facebook Page 
Photo credit : Sai Sai Kham Leng Facebook Page 
Photo credit : Sai Sai Kham Leng Facebook Page 

Source & Photo credit : Sai Sai Kham Leng Facebook Page 

Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T