လမ်းမှာ အမှိုက်တွေလိုက်ကောက်ပေးနေတုန်း မုန့်လေးနဲ့စာလေးပေးသွားတဲ့ လူငယ်လေးတစ်ယောက်ကြောင့် ဝမ်းသာပီတိဖြာခဲ့ရတဲ့ အောန်ဆိုင်း

//s9.kh1.co/de/deadcdcf96a71b03713a3e669459fe6ea4c0b77b.jpg
အနုပညာရှင်များ

 ၂၃-ဖေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

လမ်းမှာ အမှိုက်တွေလိုက်ကောက်ပေးနေတုန်း မုန့်လေးနဲ့စာလေးပေးသွားတဲ့ လူငယ်လေးတစ်ယောက်ကြောင့် ဝမ်းသာပီတိဖြာခဲ့ရတဲ့ အောန်ဆိုင်း

မော်ဒယ်လ်အောန်ဆိုင်းကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရယူထားနိုင်သူတစ်ယောက်ဖြစ်ပြီး အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေကာ ​ကြော်ငြာတွေကိုလည်း ရိုက်ကူးလျက်ရှိနေတာဖြစ်ပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့အတူ ရပ်တည်လျက်ရှိနေတဲ့ သူမကတော့ မနေ့ကပြုလုပ်တဲ့ 22222လူထုလှုပ်ရှားမှာလည်း အားမာန်အပြည့်နဲ့ပါဝင်ခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။

Photo Credit: awn seng - elizabeth ' s facebook page

လူထုလှုပ်ရှားမှုမှာ ပါဝင်နေကြတဲ့ ပြည်သူတွေနဲ့အမှိုက်လိုက်ကောက်ပေးနေသူတွေကို အလှူရှင်တွေကလည်း စားစရာမုန့်လေးတွေအပြင် စိတ်ခွန်အားဖြစ်စေမယ့် စာလေးတွေနဲ့အလှူငွေတွေပါထည့်ပြီး လှူဒါန်းနေကြတာ ဖြစ်ပါတယ် ။ အောန်ဆိုင်းကတော့ လမ်းမှာ အမှိုက်တွေလိုက်ကောက်ပေးနေတုန်း မုန့်လေးနဲ့စာလေးပေးသွားတဲ့ လူငယ်လေးတစ်ယောက်ကြောင့် စိတ်ထဲကြည်နူးပြီး ဝမ်းသာပီတိဖြာခဲ့ရပါတယ်။ အောန်ဆိုင်းကတော့" ဒီနေ့လမ်းမှာ အမှိုက်ကောက်နေတုန်း လူငယ်တစ်ယောက်ကလာပေးသွားတာ အစကတော့မယူ မလို့ဘဲ အော်သူစေတနာနဲ့လိုက်ပေးနေတာ ဆိုပြီးယူထားလိုက်တယ် " ဆိုကာ ရေးသားထားခဲ့ပါတယ်။

Photo Credit: awn seng - elizabeth ' s facebook page
Photo Credit: awn seng - elizabeth ' s facebook page
Photo Credit: awn seng - elizabeth ' s facebook page
Photo Credit: awn seng - elizabeth ' s facebook page
Photo Credit: awn seng - elizabeth ' s facebook page
Photo Credit: awn seng - elizabeth ' s facebook page

အောန်ဆိုင်းကတော့ " ပြောသွားတာလေးက “ အပြန်ကြရင် အဆင်ပြေအောင်လို့ အထဲမှာစာလေးလည်း ပါတယ် ကျေးဇူးတင်ပါတယ်တဲ့ “ အော် ချစ်ဖို့ကောင်းလိုက်တဲ့ အလှူရှင်တွေရဲ့ စိတ်ဓာတ် အားမလျှော့နဲ့ ကြိုးစားပါသတ္တိရှိပါဂရုစိုက်ပါ "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုမှာ တက်တက်ကြွကြွပါဝင်နေခဲ့တဲ့ မော်ဒယ်လ်အောန်ဆိုင်းရဲ့ ချစ်စရာပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source: awn seng - elizabeth ' s facebook page

Photo Credit: awn seng - elizabeth ' s facebook page
Photo Credit: awn seng - elizabeth ' s facebook page
Photo Credit: awn seng - elizabeth ' s facebook page
Photo Credit: awn seng - elizabeth ' s facebook page
Photo Credit: awn seng - elizabeth ' s facebook page
Photo Credit: awn seng - elizabeth ' s facebook page
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T