ပရိသတ်ကြီးရေ မော်လ်ဒယ်မင်းသားချောလေး ပိုင်တံခွန် ကတော့ အနုပညာနယ်ပယ်မှာ အံ့အားသင့်စရာကောင်းလောက်အောင် အောင်မြင်ကျော်ကြားနေတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုရင်တော့ ပိုင်တံခွန် ဟာ ပြည်တွင်းက ပရိသတ်တွေအပြင် ပြည်ပ အိမ်နီးချင်းနိုင်ငံတွေနဲ့ အနောက်နိုင်ငံတွေက ပရိသတ်တွေကပါ အားပေးချစ်ခင်မှုတွေကို အပြည့်အဝရရှိခဲ့ခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အနုပညာလှုက်ရှားမှုတွေ အနေနဲ့ ကြော်ငြာတွေအပြင် photo shooting တွေကိုလည်း ဆက်တိုက်ရိုက်ကူးနေရတာ တွေ့ရပါတယ်။


ပိုင်တံခွန် ဟာ လတ်တလောဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ အမှန်တရားကိုလိုလားကြတဲ့ ပြည်သူ့ပရိသတ်တွေနဲ့အတူ အပြည့်အဝရပ်တည်ပေးပြီး တိုင်းပြည်အတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်လုပ်ဆောင်ပေးနေတာကို တွေ့မြင်ရပါတယ်။ ဒါ့အပြင် ဘက်ပေါင်းစုံက နိုင်ငံ့ဝန်ထမ်းများကိုလည်း လူထုလှုပ်ရှားမှုတွေမှာ ပိုမိုပါဝင်ပေးကြဖို့ သူ့ရဲ့ လူမှုကွန်ယက်မှာ မကြာခဏတိုက်တွန်းထားပါတယ်။ ယခုမှာဆိုရင်တော့ ပိုင်တံခွန် က ဒီမိုကရေစီလိုလားတဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ ငြိမ်းချမ်းစွာပါဝင်ပေးခဲ့လို့ ဂုဏ်ပြုကျေးဇူးတင်စကား ရေးသားဖော်ပြလာခဲ့ပါတယ်။


" သစ်ပင် အကြီးကြီးတစ်ပင် ရှင်သန်နေတယ်ဆိုတာ သူ့အောက်ခြေမှာကုတ်တွယ်ထားတဲ့ အမြစ်သေးသေးလေး တစ်ပင်ချင်းစီတိုင်းရဲ့ အကျိုးသက်ရောက်မှုပါ ...ပင်စည် နဲ့ အကိုင်းအခက် ဘယ်လောက် ထိခိုက်ပါစေ ကျွန်တော်တို့ ကုတ်တွယ်ထားတဲ့ အမြစ်သေးသေးလေးတွေက အရမ်းကို ခိုင်မာလွန်းပါတယ်....ဒီနေ့ ဒီမိုကရေစီ လိုလားတဲ့ ညီအကို မောင်နှမ တွေရဲ့ ငြိမ်းချမ်းစွာ တော်လှန်မှု အားလုံးကို လေးစားပြီး မြန်မာနိုင်ငံအတွက် တကယ်ကျေးဇူးတင်မိပါတယ်....အနည်းဆုံးတော့ ကျွန်တော်တို့ရဲ့ စိတ်ထဲမှာ လူတစ်ဦးတစ်ယောက်ချင်းရဲ့ စည်းလုံးမှုကို အထင်းသားစွဲထင်စေပါတယ်....အားလုံးကိုလေးစားလျှက်ပါ" ဆိုပြီး ရေးသားဖော်ပြထားပါတယ်။
သတင်းအရင်းမြစ်: Source - Paing Takhon fb page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။