ကြွက်တက်တယ်ဆိုတာကတော့ လူတော်တော်များများလည်း ဖြစ်ဖူးကြပြီး တကယ့်ကိုလည်းခံရခက်တဲ့ ဝေဒနာတစ်ခုပါပဲ။

ကြွက်တက်စေတတ်တဲ့ အကြောင်းအရာတွေကတော့ အများကြီးရှိပေမယ့် ပရိသတ်တွေကို မည်သို့သောအကြောင်းအရာမျိူးကြောင့် ကြွက်တက်လာပါစေ သက်သာအောင် လုပ်လို့ရမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။

Photo from google

ပထမဦးဆုံးတစ်ခုအနေနဲ့ကတော့ ခြေမချိုးပါ ။ ကြွက်တက်လာတဲ့အခါ ကိုယ့်ရဲ့ခြေမကို လိမ်ချိုးပေးပီး သက်သာလာအောင် လုပ်လို့ရပါတယ်။

နောက်ထပ်နည်းလမ်းတစ်ခုအနေနဲ့ကတော့ အကြောဆန့်ပါ။အကြောဆန့်တယ်ဆိုတာဟာ နံရံတစ်ခုနားမှာကပ်ရပ်ပီး ခြေထောက်ကအကြောတွေဆန့်ထွက်သွားအောင် ခြေထောက်ကိုဆန့်ထားပေးရင်ရပါပီ။

Photo from google

ဒီနည်းတွေနဲ့တောင် ကြွက်တက်တာ မသက်သာသေးဘူးဆိုရင်တော့ ကြွက်တက်တဲ့နေရာတွေကို နှိပ်ပေးပါ။

အနားမှာလူတစ်ယောက်ရှိရင် ကြွက်တက်နေတဲ့နေရာက ကြွက်ထား နှိပ်ခိုင်း ၊ ညှစ်ခိုင်းထားပေးပါ။

အဲ့ဒီလိုလုပ်ပေးတာက ကြွက်တက်မှုကို ပြေလျော့စေပြီး နောက်ပိုင်း ဖြစ်ပွားမယ့် နာကျင်မှုကို ကုစားရာမှာ အကူအညီ ဖြစ်စေပါတယ်။

Photo from google

သတင်းအရင်းမြစ်: Healthline

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။