ကမ္ဘာပေါ်မှာရှိတဲ့ ထူးထူးဆန်းဆန်းအကြောင်းအရာတွေများစွာထဲမှာမှ ပရိသတ်တွေအတွက် ဖီလစ်ပိုင်နိုင်ငံက ရောင်စုံသစ်ပင်တွေအကြောင်းကို ဖော်ပြပေးချင်ပါတယ်။
ဒီရှားပါး ရောင်စုံသစ်ပင်တွေဟာ Rainbow Eucalyptus ခေါ် Eucalyptus Deglupta မျိုးစိတ်ထဲကဖြစ်ပီး ဖိလစ်ပိုင်နိုင်ငံမှာ မကြာခဏတွေ့နိုင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။

ဒီသစ်ပင်တွေဟာ အမြင့်ပေ၂၅၀ ပေအထိ ရှည်လျားကြီးထွားနိုင်ကြပြီး တော်တော်လေးလည်းလှပါတယ်။ဒီအပင်ရဲ့ ပင်စည်ဟာ ရောင်စုံကာလာရှိပြီး တစ်နှစ်တစ်ခါ ကွာကျတတ်ပါတယ်။ဒါ့အပြင် ပင်စည်ရဲ့အသားဟာ နူးညံ့ပြီးအဖတ်ကလေးတွေလိုဖြစ်နေတတ်ပါတယ်။


ပင်စည်ဟာ တစ်နှစ်တစ်ခါ ကွာကျပြီးနောက် အတွင်းသားကို အစိမ်းရောင်တောက်တောက်အနေနဲ့ မြင်ရမှာဖြစ်ပြီး သိပ်မကြာခင်အချိန်မှာ တခြားအရောင်ပါပေါ်လာပြီး ရောင်စုံပင်စည်အသစ်ဖြစ်သွားတတ်တယ်လို့ သိရပါတယ်။
ဒီသစ်ပင်တွေကို ဖိလစ်ပိုင်နိုင်ငံ Mindanaoအရပ်မှာ တွေ့ရှိနိုင်ပေမယ့် ယခုဆိုရင်တော့ Hawaii, California, Texas, နဲ့ Florida အစရှိတဲ့နေရာတွေမှာ တွေ့ရှိနိုင်တယ်လို့လည်း သိရပါတယ်။


သတင်းအရင်းမြစ်: Wikipedia
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။