နေပူကြီးထဲမှာ လူထုလှုပ်ရှားမှုတွေပြုလုပ်နေကြတဲ့ ပြည်သူပရိသတ်တွေအတွက် ဓာတ်ဆားဘူးနဲ့မုန့်တွေ လှူဒါန်းပေးခဲ့တဲ့ နော်ဖောအယ်ထား

//s9.kh1.co/76/76cc3e00003fcf0fd9290a1bf5c0c6ca9c6a9ca5.jpg
အနုပညာရှင်များ

 ၂၁-ဖေ-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အခြေအနေအတွင်းမှာ အနုပညာရှင်တွေအနေနဲ့လည်း ပြည်သူထဲကပြည်သူတွေပဲဖြစ်တာမလို့ တတ်နိုင်တဲ့ဘက်ကနေ ပရိသတ်တွေနဲ့တစ်သားတည်းရပ်တည်ကာ လှုပ်ရှားမှုတွေပြုလုပ်နေကြတာကို ပရိသတ်တွေအနေနဲ့လည်း တွေ့မြင်ကြမယ်ထင်ပါတယ်နော်။ အခုလိုမျိုးအားကြိုးမာန်တက်နဲ့ ပူးပေါင်းပါ၀င်နေကြတဲ့ ‌အနုပညာရှင်တွေထဲမှာဆိုရင် နော်ဖောအယ်ထားတစ်ယောက်လည်း အပါအ၀င်ဖြစ်ပါတယ်.....။

https://s9.kh1.co/__image/w=650,h=867,q=100/43/43f90af0f24e7f8fa6a7c075c472d204764ecc1d.jpg
https://s9.kh1.co/__image/w=650,h=867,q=100/e4/e49eb8a9fe5411fd89bc4ff3d83d580d424a6959.jpg

နော်ဖောအယ်ထားဟာ လူထုလှုပ်ရှားမှုတွေစတင်ခဲ့တဲ့ အချိန်မှစပြီး လူငယ်တစ်ယောက်အနေနဲ့ ပြည်သူတွေနဲ့အတူပူးပေါင်းပါ၀င်ကာ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ တစ်ဆထက်တစ်ဆအရှိန်အဟုန်ကြီးမားလာခဲ့တဲ့ ဒီလှုပ်ရှားမှုကြီးဟာဆိုရင် ၂၁ရက်မြောက်နေ့ကိုရောက်ရှိလာခဲ့တာဖြစ်ပြီး အနုပညာရှင်တွေလည်း အင်တိုက်အားတိုက်ပါ၀င်နေတာကိုတွေ့ရပါတယ်နော်....။

https://s9.kh1.co/__image/w=650,h=433,q=100/15/151410a996922ce5a5640edd05bda9c0ebcfe68d.jpg
https://s9.kh1.co/__image/w=650,h=867,q=100/ff/ff6c72de8d137acb3beeef30841f390380f1fc2c.jpg

အခုဆိုရင်လည်း နော်ဖောအယ်ထားဟာ လှုပ်ရှားမှုတွေမှာပါ၀င်နေရုံသာမက ပြည်သူပရိသတ်တွေအတွက်လည်း ဓာတ်ဆားရည်ဘူးတွေကို ကိုယ်တိုင်ကိုယ်ကျလှူဒါန်းပေးနေတာဖြစ်ပါတယ်။ ဒီပုံလေးတွေကိုနော်ဖောဟာ သူမရဲ့ Facebookစာမျက်နှာမှာ "ပင်ပန်းနေကြမယ်ဆိုတာသိပေမဲ့ အားမလျော့ပဲ တူတူဆက်တိုက်ကြရပါမယ် အရေးတော်ပုံ အောင်ရမည်....." ဆိုပြီးရေးသားကာ တင်ပေးလာတာဖြစ်ပါတယ်။ ကဲ.....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

https://s9.kh1.co/__image/w=650,h=892,q=100/e6/e6f963b0f771f2e5fb04233e7df52a641f8e74b1.jpg
https://s9.kh1.co/__image/w=650,h=867,q=100/6a/6aef58df30c244ee15c2a0a958bbbe1be7b38717.jpg

သတင်း အရင်းအမြစ်Naw Phaw Eh Htwar's Facebook page

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T