ကဲ.....ပရိသတ်ကြီးတို့ အနေနဲ့ ဝါရင့်သရုပ်ဆောင် တစ်ဦး ဖြစ်ပြီး ပရိဟိတ လုပ်ငန်းတွေကို ဦးဆောင် ဆောင်ရွတ်နေတဲ့ ခိုင်နှင်းဝေကို တော့ အားလုံး သိကြမယ် ထင်ပါတယ်။ ဘယ်ဇာတ်ရုပ်လာလာ ပီပြင်ပြောင်မြောက်လှတဲ့ သရုပ်ဆောင် ကောင်းမှုတွေကြောင့် ပရိသတ်တွေ အားပေးထောက်ခံမှုကို အခိုင်အမာ ရရှိခဲ့တဲ့ သူတစ်ဦး လည်း ဖြစ်ပါတယ်။ ယခုချိန်မှာတော့ အနုပညာ အလုပ်တွေကို ရပ်နားထားပြီး ပရိဟိတ အလုပ်တွေကို ဦးစားပေး လုပ်ဆောင်နေတာ ပဲ ဖြစ်ပါတယ်။
ဆယ်စုနှစ် တစ်စုကြာ အနုပညာလောကမှာ အောင်မြင်မှုတွေ ရရှိခဲ့တဲ့ ခိုင်နှင်းဝေ တစ်ယောက် ဟာ သူမရဲ့ ကြိုးစားမှုတွေကြောင့် လက်ရှိ အချိန်ထိတိုင်အောင် အောင်မြင် ကျော်ကြားနေပြီး ပရိသတ်တွေ အားပေးမှုတွေ တခဲနပ် ရရှိနေတာ ပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေကတော့ ယခုအချိန်မှာ မိဘမဲ့ ဂေဟာကိုလည်း ဖွင့်လှစ်ထားပြီး ပြည်သူ့အကျိုးပြု ပရဟိတ အလုပ်တွေ လုပ်ဆောင်နေတာ ပဲ ဖြစ်ပါတယ်။ ယခု အခါမှာတော့ သေနတ်မှန်ပြီးသေဆုံး သွားတဲ့ တာဝန်သိ ပြည်သူတစ်ဦးရဲ့ ကျန်ရစ်သူမိသားစုကို ငွေကျပ် (၄)သိန်းလှူတန်းပြီး အားပေးနှစ်သိမ့်ပေးခဲ့ကြောင်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြလာတာပဲ ဖြစ်ပါတယ်။
"ရွှေပြည်သာ မှာ ခေါင်းကို သေနတ်မှန်ပြီး သေဆုံးသွားတဲ့ တာဝန်သိ ကင်းစောင့် ပြည်သူ တစ်ဦးရဲ့ ကျန်ရစ်တဲ့ ဇနီး နဲ့ သားလေး အိမ်ကို အားပေးနှစ်သိမ့်ဖို့ ရောက်ဖြစ်ခဲ့ပါတယ်ရှင်..ပြောစရာ စကား ရှာမရ ပဲ ငိုနေရင်း ရင်ကွဲသလို ခံစားမိပါတယ်..ကိုယ်ချင်းလဲ စာမိတယ်..လိုအပ်တဲ့ နေရာ အသုံးပြုဖို့အတွက် ကျမ တတ်နိုင်သလောက် အလှူငွေ (၄)သိန်း လှူဒါန်းပေးပီး မိသားစု စားဝတ်နေရေး နဲ့ ကလေးအတွက် လိုအပ်တာများ ပံ့ပိုး ကူညီသွားပါမယ်ရှင်..ခုလို အဖြစ်ဆိုးမျိုး ဘယ်သူမှ မကြုံရပါစေနဲ့ လို့ ကျမ ဆုတောင်းပါတယ်..လူ အချင်းချင်း သတ်ဖြတ် အနိုင်ကျင့်ခြင်း ကင်းဝေးပါစေရှင်...." ဆိုပြီး ဖော်ပြလာတာကို ပရိသတ်တွေ အတွက်ပြန်လည်မျှဝေပေး လိုက်တာ ပဲ ဖြစ်ပါတယ်နော်......။
သတင်း အရင်းအမြစ်៖ Khine Hnin Wai's FB Page