လက်ရှိ ကြုံတွေ့နေရတဲ့ အပူမီးတွေ အမြန်ဆုံးငြိမ်းအေးဖို့ ဘုရားမှာ သစ္စာပန်းတွေနဲ့ ကပ်လှူဆုတောင်းနေခဲ့တဲ့ စမိုင်းလ်

//s9.kh1.co/b0/b08c60320bf3b4cc52d007daae08db4e5655d9fe.jpg
အနုပညာရှင်များ

 ၂၁-ဖေ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ချစ်ရတဲ့ ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးကြီး စမိုင်းလ်ကတော့ ဆယ်စုနှစ်ကျော်လောက်အထိ ပရိသတ်အားပေးမှုကို တစ်ခဲနက်ရရှိခဲ့ပြီး အောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ စမိုင်းလ်က သရုပ်ဆောင် မင်းသမီးကြီး ဒေါ်ခင်လေးဆွေရဲ့ မြေးဖြစ်လို့ အနုပညာအမွေကို ဆက်ခံထားသူလည်း ဖြစ်ပါတယ်။ သရုပ်ဆောင် တော်ရုံသာမကပဲ စမိုင်းလ်က အဆိုပိုင်းမှာလည်း ပိုင်ပိုင်နိုင်နိုင် သီဆိုထားနိုင်သူပါနော်။

Photo credit - စမိုင်းလ် Smile's FB page
Photo credit - စမိုင်းလ် Smile's FB page
Photo credit - စမိုင်းလ် Smile's FB page
Photo credit - စမိုင်းလ် Smile's FB page

တစ်ကိုယ်တော် အယ်ဘမ်လ်တွေ ထွက်ရှိထားတဲ့ စမိုင်းလ်က မကြာသေးတဲ့ အချိန်ကမှ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးထွက်ရှိထားတာကို တွေ့ရပါတယ်။ အနုပညာလမ်းကြောင်းထက်မှာ အောင်မြင်မှုတွေ တစ်ခဲနက်ရရှိထားတဲ့ သူမက သာယာပျော်ရွင်ပြီး အများက အားကျရတဲ့ မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ စမိုင်းလ်က အမြဲလိုလို သူမရဲ့ လူနေမှုဘဝနဲ့ လှုပ်ရှားမှုလေးတွေကို ချပြလေ့ရှိတာ​ဖြစ်လို့ ပရိသတ်တွေကလည်း စိတ်ဝင်တစားအားပေးကြပါတယ်နော်။

Photo credit - စမိုင်းလ် Smile's FB page
Photo credit - စမိုင်းလ် Smile's FB page

မကြာသေးတဲ့ နာရီပိုင်း အချိန်ကလည်း စမိုင်းလ်က သူမရဲ့ ဖေ့ဘွတ်စာမျက်နှာထက်မှာ အခုလက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ သက်ဆိုင်တဲ့ ပိုစ့်တစ်ခုတင်ပေးလာခဲ့ပါတယ်။ ဒါကတော့ လူထုလှုပ်ရှားမှုပြုလုပ်နေတဲ့ ပြည်သူတွေရဲ့ အပူမီးတွေ ငြိမ်းအေးစေဖို့အတွက် ဘုရားမှာ သစ္စာပန်းကပ်လှူကာ ဆုတောင်းပေးနေတာပဲ ဖြစ်ပါတယ်။ စမိုင်းလ်က ကုသိုလ်ပြုလုပ်နေတဲ့ ပုံလေးတွေအပြင် " သစ္စာပန်းများကပ်ကာသစ္စာပြုဆုတောင်းပါတယ်ဘုရား အမြန်ဆုံးအပူမီးတွေငြိမ်းအေးပါရစေ " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာဖြစ်လို့ ချစ်ပရိသတ်တွေ ကြည့်ရှု့စေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါရစေ ။ 

Photo credit - စမိုင်းလ် Smile's FB page
Photo credit - စမိုင်းလ် Smile's FB page
Photo credit - စမိုင်းလ် Smile's FB page
Photo credit - စမိုင်းလ် Smile's FB page

သတင်း အရင်းအမြစ်Source - စမိုင်းလ် Smile's FB page

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T