မန္တလေးက ပြည်သူလူထုနဲ့အတူ ထိုင်သပိတ်မှာ ငြိမ်းချမ်းစွာ ပါဝင်ခဲ့တဲ့ မအေးသောင်း

//s9.kh1.co/87/87f61d9f157fa89da2ea35809421648ef4c9fe06.jpg
အနုပညာရှင်များ

 ၂၁-ဖေ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ.....သရုပ်ဆောင် မင်းသမီးချောလေး မအေးသောင်းကတော့ အနုပညာအလုပ်တွေကို အချိန်အတော်ကြာ လုပ်ကိုင်လျက်ရှိနေခဲ့တာ ဖြစ်ပြီး အောင်မြင်ကျော်ကြားနေတဲ့ သရုပ်ဆောင်တွေထဲက တစ်ယောက် အပါအဝင် ဖြစ်ကာ ဗီဒီယိုဇာတ်ကားတွေကို ရိုက်ကူးထားတာ ပဲဖြစ်ပါတယ်။ဒါ့အပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေကိုပါ ရိုက်ကူးနေတဲ့ မအေးသောင်းကတော့ ဆွဲဆောင်မှုရှိလွန်းတဲ့ အမိုက်စား ဘော်ဒီလေးကို ပိုင်ဆိုင်ထားတာကြောင့် ပုရိသ ပရိသတ်တွေကြားမှာ ရေပန်းစား အောင်မြင်နေတဲ့ မင်းသမီးတစ်လက် ဖြစ်ပါတယ်နော်....။

Photo Credit-Aye Thaung FB Account
Photo Credit-Aye Thaung FB Account
Photo Credit-Aye Thaung FB Account
Photo Credit-Aye Thaung FB Account

ပရိသတ်တွေရဲ့ တစ်ခဲနက် ချစ်ခင်အားပေးမှုကို ရရှိပိုင်ဆိုင်ထားတဲ့ မအေးသောင်းဟာ ပွင့်လင်းရိုးသားစွာ ပြောဆိုနေထိုင် တတ်သူလေး ဖြစ်ပြီး ဟန်ဆောင်မှုကင်းတဲ့ အပြုံးလေးတွေနဲ့ ချစ်စရာကောင်းတဲ့ သူမရဲ့အနုပညာလှုပ်ရှားမှု ပုံရိပ်တွေကို အမြဲချပြလေ့ ရှိသူလေး ဖြစ်ပါတယ်။လတ်တလောမှာတော့ ဖြစ်ပေါ်နေတဲ့ အခြေ အနေတွေကြောင့် ပြည်သူလူထုနဲ့ အတူ အားဖြည့်ကူညီကာ ပါဝင်လှုပ်ရှားမှုတွေကို လုပ်ဆောင်နေတာ ပဲဖြစ်ပါတယ်။လက်ရှိမှာ မအေးသောင်းဟာ မန္တလေးက ပြည်သူတွေနဲ့အတူ "သပြေညိုတိုက်ပွဲ"အမည်ရသည့် ထိုင်သပိတ်ကို ငြိမ်းချမ်းစွာ ပါဝင်ဆင်နွှဲ နေတာ ဖြစ်ပါတယ်နော်.....။

Photo Credit-Aye Thaung FB Account
Photo Credit-Aye Thaung FB Account
Photo Credit-Aye Thaung FB Account
Photo Credit-Aye Thaung FB Account

သူမရဲ့လူမူကွန်ယက်စာမျက်နှာထက်တွင်လည်း "Hoping for JUSTIC ❤️ ✌️ from Shwe Mandalay. A huge peaceful protest named "Thabyay Nyo" (Eugenia sprigs) where protestors demand democracy and justice, holding the sprigs, which are taken as a token of success and peace in Myanmar."ဆိုတဲ့ ဒီမိုကရေစီနှင့် တရားမျှတမှုကို တောင်းဆိုနေတဲ့ ပုံရိပ်တွေနဲ့အတူ ဖော်ပြပေးလာတာ ဖြစ်ပါတယ်။မအေးသောင်းရဲ့ ချစ်ပရိသတ်တွေကလည်း သဘောကျနှစ်ခြိုက် အားပေးကြမှာ အမှန်ပဲမို့ ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Photo Credit-Aye Thaung FB Account
Photo Credit-Aye Thaung FB Account
Photo Credit-Aye Thaung FB Account
Photo Credit-Aye Thaung FB Account
Photo Credit-Aye Thaung FB Account
Photo Credit-Aye Thaung FB Account

သတင်း အရင်းအမြစ်Aye Thaung FB Account

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T