မင်းသမီးချောလေး ပိုင်ဖြိုးသုကတော့ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေရင်း လက်ရှိမှာလည်းဇာတ်ကားတွေရိုက်ကူးနေတာဖြစ်ပါတယ်။ပိုင်ဖြိုးသုရဲ့အနုပညာအရည်အသွေးတွေကိုလည်း ပရိသတ်တွေကလက်ခံအားပေးကြပြီး ကျရာဇာတ်ရုပ်ကိုပီပြင်ပိုင်နိုင်တဲ့ သူမရဲ့သရုပ်ဆောင်ချက်တွေကိုချီးကျူးနေကြတာဖြစ်ပါတယ်။

Photo Credit : Paing Phyoe Thu Facebook Account
Photo Credit : Paing Phyoe Thu Facebook Account

ပိုင်ဖြိုးသုက လတ်တလောမှာဆိုရင် မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့အတူ နေရာပေါင်းစုံကနေ ပူးပေါင်းရပ်တည်နေတာလည်းဖြစ်ပါတယ် ။ နေရာအနှံအပြားမှာ ပြည်သူတွေအပါအဝင် အနုပညာရှင်များနဲ့ အလွှာအသီးသီးကပါ ဒီနေ့ချိန်ထိ ပုံစံမျိုးစုံနဲ့ အရှိန်အဟုန် ပြင်းပြင်း ဆန္ဒထုတ်ဖော်လျက်ရှိနေတာလည်းဖြစ်ပါတယ်။

Photo Credit : Paing Phyoe Thu Facebook Account
Photo Credit : Paing Phyoe Thu Facebook Account

အခုလည်း ပိုင်ဖြိုးသုက CDM မှာပူးပေါင်းပါဝင်ကြရန် အနူးအညွတ်တောင်းဆိုရင်း မန္တလေးမှာ အသက်ပေးသွားခဲ့တဲ့ ပြည်သူတွေအတွက် လွန်စွာစိတ်မကောင်းဖြစ်ကာ ကြေကွဲမိရကြောင်းတွေကိုလည်းဝမ်းနည်းမျက်ကြသည်ထိ ပြောခဲ့တာလည်းဖြစ်ပါတယ်။ဗီဒီယိုလေးကြည့်ပြီး စိတ်မကောင်းမိတာအမှန်ပါပဲနော်။ ပရိသတ်ကြီးလည်း ပိုင်ဖြိုးသုရဲ့ ဗီဒီယိုလေးကို ကြည့်ရှုနိုင်စေရန် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Photo Credit : Paing Phyoe Thu Facebook Account
Source & Photo Credit : Paing Phyoe Thu Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။


SPONSORED CONTENT