ပရိသတ်ကြီးရေ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့မင်းမော်ကွန်းကတော့ ကိုယ်ပိုင်မိသားစုဘဝလေးကိုပိုင်ဆိုင်ထားပြီး အေးအေးဆေးဆေးနေထိုင်တတ်တဲ့သူဖြစ်ပါတယ်။မင်းမော်ကွန်းက ပုံမှန်ဆိုရင် အေးအေးဆေးဆေးနေတတ်ပေမယ့် ယခုလိုဖြစ်ပေါ်နေတဲ့အရေးကိစ္စတွေမှာဆိုရင်တော့ ပြည်သူတွေနဲ့တန်းတူ ရဲရင့်ပြတ်သားစွာ ပါဝင်လှုပ်ရှားနေတာပဲဖြစ်ပါတယ်။မင်းမော်ကွန်းတို့အနုပညာရှင်တွေကလည်း ပြည်သူ့အင်အားပဲဖြစ်လို့ သူတို့တွေလမ်းပေါ်ထွက်နေကြတာဟာ အားတက်စရာပဲဖြစ်ပါတယ်။

Photo Credit:Kyaw Kyaw Htay Lwin’s Facebook Account 
Photo Credit:Kyaw Kyaw Htay Lwin’s Facebook Account 

မင်းမော်ကွန်းကတော့ နေ့စဉ်ရက်ဆက်လမ်းပေါ်ထွက်ပြီး ပြည်သူတွေနဲ့အတူတစ်သားတည်းရပ်တည်ခဲ့တာဖြစ်ပါတယ်။ဒါ့အပြင်လည်း မင်းမော်ကွန်းက သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ လက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီး သူ့ရဲ့စိတ်ခံစားချက်တွေကိုရေးသားပြီးဖော်ပြနေတာပဲဖြစ်ပါတယ်။ပရိသတ်တွေကလည်း မင်းမော်ကွန်းနဲ့ထပ်တူထပ်မျှ ခံစားနေရတာဖြစ်လို့ သူ့ကိုနားလည်ပေးနေကြတာဖြစ်ပါတယ်နော်။မင်းမော်ကွန်းကတော့ ကိုယ်တိုင်လည်းမိဘတစ်ယောက်ဖြစ်တာကြောင့် ကလေးတွေရဲ့အနာဂတ်အတွက် အားကြိုးမာန်တက် ကြိုးစားနေတာဖြစ်ပါတယ်။

Photo Credit:Kyaw Kyaw Htay Lwin’s Facebook Account 
Photo Credit:Kyaw Kyaw Htay Lwin’s Facebook Account 

မင်းမော်ကွန်းက သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရိုင်းစိုင်းတဲ့အရေးအသား၊အပြောအဆိုတွေနဲ့ပတ်သက်ပြီးနားလည်ပေးဖို့မေတ္တာရပ်ခံလာတာဖြစ်ပါတယ်။မင်းမော်ကွန်းကတော့”သူငယ်ချင်းမိတ်ဆွေများနဲ့ဆွေမျိုးမိဘများ၊ပရိသတ်များအာလုံးကို ဒီရက်ပိုင်းတွေမှာ ကျွန်တော်ရိုင်းစိုင်းတဲ့အပြောအဆို အရေးအသားတွေတင်နေမိတာကိုနားလည်ခွင့်လွှတ်ပေးစေချင်ပါတယ်။ကျွန်တော်ဆဲချင်တာတစ်ယောက်တည်းပါ ပြီးတော့သူ့ရဲ့လက်ကိုင်ဒုတ်အသိဉာဏ်မရှိ ရှူးတိုက်တိုင်းပြေး​ကိုက်တဲ့ခွေးအတွေပါ ကျန်တဲ့လူတွေကန်တော့ပါရဲ့ဗျာ”ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်နော်။

Photo Credit:Kyaw Kyaw Htay Lwin’s Facebook Account 
Photo Credit:Kyaw Kyaw Htay Lwin’s Facebook Account 

Source&Photo Credit:Kyaw Kyaw Htay Lwin’s Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။