ရုပ်ရှင်သရုပ်ဆောင်တစ်ဦးအဖြစ် အနုပညာလောကမှာ အချိန်အတော်ကြာအောင် ကျင်လည်လာခဲ့တဲ့ ကိုပေါက်က ဒါရိုက်တာအဖြစ်ပါ လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ် ။ကိုပေါက်က သရုပ်ဆောင်ပိုင်းမှာ အပြစ်ပြောစရာမရှိလောက်အောင် ထူးချွန်ပြီး ဇာတ်ရုပ်တိုင်းနဲ့ အံဝင်ခွင်ကျဖြစ်အောင် ဖန်တီးနိုင်တာကြောင့် ပရိသတ်တွေက ချစ်ခင်အားပေးကြတာ ဖြစ်ပါတယ် ။ လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာဆိုရင်လည်း ကိုပေါက်က ဖေဖော်ဝါရီလအစပိုင်းကတည်းက ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်ခဲ့တဲ့ အနုပညာရှင်တစ်ဦးလို့ ဆိုနိုင်ပါတယ်နော်။


ကိုပေါက်က အနုပညာမောင်နှမတွေနဲ့အတူ နေ့တိုင်းလိုလို လူထုလှုပ်ရှားမှုတွေကို တက်တက်ကြွကြွဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ် ။ အခုချိန်မှာတော့ ကိုပေါက်က ပြည်သူတွေအသက်မဆုံးရှုံးရလေအောင် တတ်နိုင်သလောက် အကြံဉာဏ်လေးတွေပေးပြီး ကူညီပေးနေတာ ဖြစ်ပါတယ် ။ အခုလည်း ကိုပေါက်က ပြည်သူတွေဥာဏ်ကိုလွှာသုံးရမယ့် နည်းလမ်းတွေကို ပြောပြထားတာ ဖြစ်ပါတယ် ။ ကိုပေါက်က "မှတ်တမ်းကအရေးကြီးတယ်။ Live မလွှင့်ပါနဲ့။ အပိုင်းအပိုင်းတွေရိုက်ပြီး တင်ချင်တဲ့အပိုင်း ချက်ချင်းတင်ပါ။ အသက်တွေထပ်အဆုံးမခံနိုင်ပါဘူး။ "



"ကိုယ့်ဘက်က လေးဂွနဲ့ပြန်ပစ်လို့ သူတို့ဘာမှမဖြစ်ဘူး။ ကျွန်တော်တို့ဘက်က အသက်တွေပေးလိုက်ရမှာမျိုး မဖြစ်စေချင်ဘူး။ ထိပ်တိုက်မတွေ့ကြပါနဲ့လို့ ကျွန်တော်တို့အမြဲသတိပေးပါတယ်။ လူယုတ်မာတွေအတွက် အသက်တွေပေးရမှာမတန်ပါဘူး။ အထူးသဖြင့် ဉာဏ်နဲ့ကစားပြီး သူတို့ဆင်တဲ့သတ်ကွင်းထဲမဝင်မိပါစေနဲ့။ စိတ်ထိန်းကြပါနော် သတိရှိကြပါ🙏 အသက်ပေးသွားကြတဲ့ ပြည်သူများအတွက် ငါတို့တော်လှန်ရေးအောင်ရမည်။ (ကျဆုံးသွားတဲ့ နွေဦးတော်လှန်ရေး သူရဲကောင်းများအား အလေးပြုဦးညွှတ်ပါသည်။) ကောင်းရာသုဂတိလားပါစေ🙏"ဆိုပြီး သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ ဖော်ပြထားတာ ဖြစ်ပါတယ် ။ ကိုပေါက်ကတော့ ပြည်သူတွေအတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်အားဖြည့်ပေးရင်း တာဝန်ကျေပွန်နေတာပဲ ဖြစ်ပါတယ် ။
Source & Photo Credit-Aung Min Naing's FB Acc



"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။