ကလေးတွေနဲ့ မျိုးဆက်သစ်တွေရဲ့အနာဂတ်အတွက်လမ်းပေါ်ထွက်ကာပြည်သူတွေနဲ့အတူရင်ထဲကဆန္ဒအမှန်တွေကိုထုတ်ဖော်နေတဲ့ စန္ဒီမြင့်လွင်

//s9.kh1.co/11/117a108201813419871c7b6c30e0ed7a0ba92dcf.jpeg
အနုပညာရှင်များ

 ၂၁-ဖေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

အဆိုတော်  စန္ဒီမြင့်လွင်ကတော့  လတ်တလောဖြစ်ပေါ်နေတဲ့  လူထုလှုပ်ရှားမှုတွေမှာ  ပြည်သူတွေနဲ့အတူ  တစ်သားတည်းရပ်တည်ကာ  ပါဝင်နေသူတစ်ယောက်လည်း  ဖြစ်ပါတယ်။  သမီးလေးကိုအိမ်မှာထားခဲ့ပြီး  မြန်မာပြည်ကြီး  အမြန်ဆုံးငြိမ်းချမ်းအောင်  အနုပညာအသိုင်းအဝိုင်းက သူငယ်ချင်းများနဲ့အတူ  တစ်ရက်မှမပျက်ကွက်ဘဲ တက်ကြွစွာ  ပါဝင်လှုပ်ရှားနေတာလည်း  ဖြစ်ပါတယ်။  သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်လည်း  ကလေးတွေနဲ့ မျိုးဆက်သစ်တွေရဲ့အနာဂတ်အတွက်  လမ်းပေါ်ထွက်ကာ ပြည်သူတွေနဲ့အတူ  ရင်ထဲကဆန္ဒအမှန်တွေကိုထုတ်ဖော်နေရကြောင်းကိုလည်း  အခုလိုပဲ ရေးသားထားတာပဲ ဖြစ်ပါတယ်။

Photo Crd-Sandi Myint Lwin’s Facebook Page 
Photo Crd-Sandi Myint Lwin’s Facebook Page 
Photo Crd-Sandi Myint Lwin’s Facebook Page 
Photo Crd-Sandi Myint Lwin’s Facebook Page 

" ကျွန်မတို့မှာလည်း မိသားစုတွေရှိပါတယ်။ 

ကလေးလေးအနာဂတ်အတွက်လည်း ကျွန်မတို့တွေးရတယ်။ မျိုးဆက်သစ်တွေရဲ့ အနာဂတ်အတွက် ကျွန်မတို့ရဲရင့်ကြရမယ်။ 

မကြောက်ဘူးလားမေးရင် ကြောက်တာပေါ့ရှင် မကြောက်ဘူးရှိပါ့မလား။ 

ဒါပေမယ့် ကျွန်မတို့ မတတ်သာလို့ နေ့တိုင်း လမ်းပေါ်ထွက်ရတယ်။ 

ပြည်သူထဲကပြည်သူမို့လို့ ပြည်သူနဲ့တူတူ တိုက်ပွဲဝင်မယ်။ ဒါကျွန်မ ခံယူချက်ပဲ။ 

Photo Crd-Ye Kyaw Phyo’s Photography
Photo Crd-Ye Kyaw Phyo’s Photography
Photo Crd-Ye Kyaw Phyo’s Photography
Photo Crd-Ye Kyaw Phyo’s Photography

အချိန်တန်ရင် ဓမ္မက အနိုင်ရဖို့ ကျွန်မတို့လုပ်နိုင်တာအကုန်လုပ်မယ်။ ပြည်သူတွေလည်း အားတင်းထားကြပါ။ 

ကံဆိုတာ အမြဲတမ်းဆိုးတယ်မရှိပါဘူး။ 

ကျွန်မတို့ နိုင်မှာပါ။ 

ဒီတစ်ပွဲ နိုင်ကိုနိုင်အောင်တိုက်ကြရမှာ။ 

နိုင်ကိုနိုင်မှဖြစ်မှာ။ 

အားလုံး ညီကြမယ်နော် 

အရေးတော်ပုံ အောင်ရမည်။  ?

ကျွန်မတို့ပြည်သူတွေဘေးကင်းပါစေ။ " ဆိုပြီး ရေးသားထားတာပဲ  ဖြစ်ပါတယ်။  ပရိသတ်တွေ လိုချင်တဲ့ပန်းတိုင်ကို  အမြန်ဆုံးရောက်ရှိပါစေလို့လည်း ဆုတောင်းပေးလိုက်ရပါတယ်နော်။

Source and Photo Crd-Sandi Myint Lwin’s Facebook Page and Ye Kyaw Phyo’s Photography

Photo Crd-Ye Kyaw Phyo’s Photography
Photo Crd-Ye Kyaw Phyo’s Photography
Photo Crd-Ye Kyaw Phyo’s Photography
Photo Crd-Ye Kyaw Phyo’s Photography
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T