မန္တလေးမှာဖြစ်ပျက်သွားတဲ့အခြေအနေတွေကြောင့် အရမ်းစိတ်ဆင်းရဲနေရပြီး သူတို့တွေကိုဒုက္ခထပ်မပေးပါနဲ့တော့လို့ တောင်းဆိုလိုက်တဲ့ မခိုင်လေး

//s9.kh1.co/03/03aa46989e5ebb56f7d72dd2587052646db1f5a9.jpeg
အနုပညာရှင်များ

 ၂၁-ဖေ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

မန္တလေးမှာဖြစ်ပျက်သွားတဲ့အခြေအနေတွေကြောင့် အရမ်းစိတ်ဆင်းရဲနေရပြီး သူတို့တွေကိုဒုက္ခထပ်မပေးပါနဲ့တော့လို့ တောင်းဆိုလိုက်တဲ့ မခိုင်လေး

အကယ်ဒမီမင်းသမီးတစ်လက်ဖြစ်တဲ့ ခိုင်သင်းကြည်ကတော့ လက်ရှိမှာဖြစ်ပျက်နေတဲ့ အခြေအနေတွေကြောင့်တခြားအနုပညာရှင်တွေလိုပဲ ပြည်သူလူထုဘက်ကနေရပ်တည်နေတာဖြစ်ပါတယ်။ခိုင်သင်းကြည်ရဲ့သမီးလေးစံထိပ်ထားဦးကလည်း လူငယ်တစ်ယောက်ဖြစ်လို့ သူမရဲ့အနာဂတ်အတွက် ရဲရဲရင့်ရင့် ရင်ဆိုင်နေတာဖြစ်ပါတယ်နော်။ခိုင်သင်းကြည်တို့သားအမိနှစ်ယောက်ကလည်း လမ်းပေါ်နေ့တိုင်းထွက်ကြပြီး လူထုလှုပ်ရှားမှုမှာတစ်တပ်တစ်အားပါဝင်နေကြတာပဲဖြစ်ပါတယ်။မခိုင်လေးတို့ပြည်သူလူထုကလည်း ယခုလက်ရှိအချိန်ထိ အားမလျော့ကြသေးဘဲ ကိုယ်ယုံကြည်ရာကို ဆက်လက်အကောင်အထည်ဖော်နေဆဲဖြစ်ပါတယ်နော်။

Photo Credit:Khine Thin Kyi’s Facebook Account
Photo Credit:Khine Thin Kyi’s Facebook Account
Photo Credit:Khine Thin Kyi’s Facebook Account
Photo Credit:Khine Thin Kyi’s Facebook Account

မခိုင်လေးကလည်း သမီးလေးရဲ့စိတ်ဓာတ်ကိုနားလည်တာကြောင့် သူမနဲ့အတူတူလမ်းမပေါ်ထွက်ပြီး မပင်မပန်းဘဲပါဝင်လှုပ်ရှားနေကြတာပဲဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့ ပြည်သူလူထုလည်း မိမိရဲ့လုံခြုံရေး၊ပတ်ဝန်းကျင်ရဲ့လုံခြုံရေးအတွက် သတိကြီးစွာထားပြီး ကာကွယ်စောင့်ရှောက်နေကြတာပဲဖြစ်ပါတယ်။(၂၀.၂.၂၀၂၁)ရက်နေ့ကဆိုရင် မန္တလေးမှာ ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေအများအပြားရှိခဲ့ပြီး ကြွေလွင့်သွားခဲ့ရတဲ့သူတွေလည်းရှိခဲ့ပါတယ်။ဒီအခြေအနေတွေကြောင့်အနယ်နယ်အရပ်ရပ်ကရှိတဲ့ ပြည်သူတွေကလည်း ကိုယ့်မိသားစုဝင်ဆုံးရှုံးရသလိုမျိုး ရင်ထဲထိခိုက်ပြီး အရမ်းဝမ်းနည်းနေကြတာပဲဖြစ်ပါတယ်နော်။

Photo Credit:Khine Thin Kyi’s Facebook Account
Photo Credit:Khine Thin Kyi’s Facebook Account
Photo Credit:Khine Thin Kyi’s Facebook Account
Photo Credit:Khine Thin Kyi’s Facebook Account
Photo Credit:Khine Thin Kyi’s Facebook Account
Photo Credit:Khine Thin Kyi’s Facebook Account

မခိုင်လေးတို့အနုပညာရှင်တွေကလည်း ယခုအခြေအနေတွေပေါ်မှာ တတ်နိုင်သလောက်အားပေးဝန်းရံနေကြတာဖြစ်ပါတယ်။မခိုင်လေးကတော့”ရန်ကုန်မှာမွေးခဲ့ပေမယ့် မန္တလေးမှာပဲကြီးခဲ့ရတယ်မန္တလေးမြို့ကြီးကိုချစ်တယ်မန္တလေးသူ၊မန္တလေးသားတွေကိုလည်းချစ်တယ် အခုချိန်မှာတော့ရင်ထဲကတကယ်ကိုစိတ်ဆင်းရဲနေရတယ်မန္တလေးမြို့ကြီးအန္တရာယ်ကင်းဘေးရှင်းပါစေမန္တလေးသူမန္တလေးသားတွေကိုထပ်ပြီးတော့ဒုက္ခမပေးကြပါနဲ့တော့”ဆိုပြီး သူမရင်ထဲကအတိုင်း တောင်းဆိုလိုက်တာဖြစ်ပါတယ်။လက်ရှိအခြေအနေတွေကြောင့် ပြည်သူ၊ပြည်သားတွေလည်း အားမတန်လို့မာန်လျော့ရတဲ့အဖြစ်ကို မရောက်ရလေအောင် အေးအေးချမ်းချမ်းနဲ့ကြိုးစားနေကြဆဲပဲဖြစ်ပါတယ်နော်။

Photo Credit:Khine Thin Kyi’s Facebook Account
Photo Credit:Khine Thin Kyi’s Facebook Account
Photo Credit:Khine Thin Kyi’s Facebook Account
Photo Credit:Khine Thin Kyi’s Facebook Account

Source&Photo Credit:Khine Thin Kyi’s Facebook Account

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T