စားပီးတာနဲ့ အိပ်ငိုက်သလို ဖြစ်လာစေနိုင်တဲ့ အစားအစာများ

//s9.kh1.co/fe/fec813556ba22cb037c793f17a3f8b762f01bb4d.jpeg
ဗဟုသုတအဖြာဖြာ

 ២០-កុម្ភៈ-២០២១ ៥ល្ងាច · ៦ ឆ្នាំមុន

.

လူတော်တော်များများဟာ အစားအသောက်တစ်ခုကို စားပီးသွားတဲ့အချိန်မှာ အိပ်ငိုက်လာတာမျိုး ၊ အရမ်းအိပ်ချင်လာတာမျိုးတွေ ဖြစ်ဖူးကြမယ်လို့ထင်ပါတယ်။

ဒါဟာ အိပ်ငိုက်စေတဲ့ အစားအစာတွေကို စားသုံးမိတာကြောင့် ဖြစ်ပြီး ဘယ်အစားအစာတွေက အိပ်ငိုက်ခြင်းကို ဖြစ်ပေါ်စေသလဲဆိုတာကို ပရိသတ်တွေအတွက် ဖော်ပြပေးချင်ပါတယ်။

Photo from google
Photo from google

ငှက်ပျောသီး

ငှက်ပျောသီးဟာ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ဆိုဒီယမ်ဓာတ်တွေ ပါဝင်တဲ့အတွက် စားသုံးလိုက်မယ်ဆိုရင် ဦးနှောက်အတွင်းက အိပ်ချင်စိတ်ကို ဖြစ်ပေါ်စေတဲ့ ဓာတ်ကို လှုံ့ဆော်သလို ဖြစ်တာကြောင့် သင့်ကို ငိုက်မျဉ်းစေနိုင်ပါတယ်။

Photo from google
Photo from google

ကွေကာအုပ်

ကွေကာအုပ်မှာ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အမိုင်နို အက်ဆစ်တွေ ပါဝင်တဲ့အပြင် အိပ်ချင်စိတ်ကို ဖြစ်ပေါ်စေတဲ့ Melatonin ဓာတ်ကို ထုတ်ပေးနိုင်တာကြောင့် အိပ်ငိုက်စေနိုင်ပါတယ်။

Photo from google
Photo from google

နေကြာစေ့

တစ်ချို့လူတွေဟာ နေ့လည် နေ့ခင်းတွေမှာ အိပ်ချင်ပြေအောင်ဆိုပြီး နေကြာစေ့ကို စားတတ်ကြပါတယ်။ဒါပေမယ့် နေကြာစေ့ဟာ အိပ်ချင်မပြေစေတဲ့အပြင် ပိုပီးတော့တောင် အိပ်ငိုက်စေပါသေးတယ်။ ဘာ့ကြောင့်လဲဆိုရင် နေကြာစေ့မှာ ပါဝင်တဲ့ အမိုင်နိုအက်ဆစ်နဲ့ သတ္တုဓာတ်တွေဟာ သင့်ကို အိပ်ချင်စိတ် ဖြစ်ပေါ်အောင် လုပ်ဆောင်နိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။

Photo from google
Photo from google

နို့နဲ့နို့ထွက်ပစ္စည်း

နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာ ကယ်လ်ဆီယမ်ဓာတ် များစွာပါဝင်ပြီး အိပ်ချင်စိတ်ကို ဖြစ်ပေါ်စေတဲ့ Tryptophan ပါဝင်ပါတယ်။ ၄င်း Tryptophan ကြောင့်ပဲ လူတွေဟာ နို့နဲ့ နို့ထွက်ပစ္စည်းတွေ စားသုံးပီးတဲ့အခါ အနည်းနဲ့အများ အိပ်ငိုက်လာတတ်ကြပါတယ်။

သတင်း အရင်းအမြစ် Healthline

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T