ချစ်ရတဲ့ ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီး စမိုင်းလ်ကတော့ ယနေ့အချိန်ထိတိုင် အနုပညာလမ်းကြောင်းထက်မှာ အောင်မြင်မှုတွေ ရရှိနေတဲ့ သူတစ်ယောက်ပါနော်။ စမိုင်းလ်က ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ခေတ်ဟောင်း မင်းသမီးကြီး ဒေါ်ခင်လေးဆွေရဲ့ မြေးဖြစ်ပြီး အနုပညာအရည်အချင်းပြည့်ဝသူတစ်ယောက်ဖြစ်လို့ ပရိသတ်အားပေးမှုများစွာရရှိထားတာကိုလည်း တွေ့ရပါတယ်။ 

Photo credit - စမိုင်းလ် Smile's FB page
Photo credit - စမိုင်းလ် Smile's FB page

အနုပညာလောကထက်မှာ အောင်မြင်မှုတွေတစ်ခဲနက်ရရှိထားတဲ့ သူမက အများက အားကျရတဲ့ မိသားစုဘဝလေးကိုလည်း တည်ဆောက်ထားနိုင်တာဖြစ်ပါတယ်။ စမိုင်းလ်က အလှူအတန်းရက်ရောသူဖြစ်ပြီး သူမရဲ့ ခင်ပွန်းကလည်း လိုက်လံကူညီပေးတာဖြစ်လို့ သူမရဲ့ ဘဝလေးကို မိန်းကလေးပရိသတ်တွေက အားကျရတာလည်း ​ဖြစ်ပါတယ်။ စမိုင်းလ်က သူမရဲ့ လူမှုကွန်ယက် ဖေ့ဘွတ်စာမျက်နှာထက်မှာ ဒီကနေ့ လှူဒါန်းခဲ့တဲ့ အလှူပုံရိပ်လေးတွေကို ဝေမျှလာခဲ့ပါတယ်။

Photo credit - စမိုင်းလ် Smile's FB page
Photo credit - စမိုင်းလ် Smile's FB page
Photo credit - စမိုင်းလ် Smile's FB page

ဒါကတော့ ရန်ကုန်မြို့က လူထုလှုပ်ရှားမှုကြီးမှာ ပါဝင်နေကြတဲ့ ပြည်သူတွေကို စမိုင်းလ်က အလှူပြုနေခဲ့တာပါ။ ကားတစ်စီးလုံးအပြည့် မုန့်တွေတင်ပြီး လမ်းပေါ်က လူတိုင်းကို ဝေမျှနေခဲ့တဲ့ စမိုင်းလ်ရဲ့ ပုံရိပ်တွေက ပရိသတ်တွေကို အချစ်ပိုစေမှာ ဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါရစေ ။ မင်းသမီး စမိုင်းလ်ရဲ့ အလှူပြုပုံရိပ်လေးတွေကို ပရိသတ်တွေကကြည့်ပြီး ကောမန့်မှာ တစ်ခုခုရေးသားပေးခဲ့ပါအုန်းနော်။ 

Photo credit - စမိုင်းလ် Smile's FB page
Photo credit - စမိုင်းလ် Smile's FB page
Photo credit - စမိုင်းလ် Smile's FB page
Photo credit - စမိုင်းလ် Smile's FB page

သတင်းအရင်းမြစ်: Source - စမိုင်းလ် Smile's FB page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။