သင်ဇာကတော့ အလန်းစားဖက်ရှင်တွေနဲ့ ညို့အားပြင်းတဲ့ အမိုက်စားပုံလေးတွေ ဗီဒီယိုလေးတွေကို အမြဲဝေမျှလေ့ရှိသူလေးဖြစ်ပါတယ်။ အသားအရည်ဖြူဥပြီး ခန္ဓာကိုယ်အချိုးအစားပြေပြစ်လှပတဲ့ သင်ဇာဝင့်ကျော်က ဆွဲဆောင်မှုရှိတဲ့ အလှပိုင်ရှင်လေးဖြစ်တာကြောင့် ဘာဝတ်ဝတ်လှပနေတာ ဖြစ်ပါတယ်။ သင်ဇာက ခေါင်းအစခြေအဆုံး အပြစ်ဆိုဖွယ်မရှိအောင်လှရက်နေတာလည်း ဖြစ်ပါတယ်။

Photo Credit : Thinzar Wint Kyaw Facebook Account
Photo Credit : Thinzar Wint Kyaw Facebook Account

သင်ဇာက လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူပရိသတ်တွေနဲ့အတူ တစ်သားတည်း ရပ်တည်နေတာဖြစ်ပြီး လှုပ်ရှားမှု ပုံလေးတွေကိုလည်း လူမှုကွန်ယက် ဖေ့ဘွတ်စာမျက်နှာထက်မှာ တင်ပေးလေ့ရှိတာတွေ့ရပါတယ်။ ဒါ့အပြင် လိုအပ်တဲ့ ပစ္စည်းတွေနဲ့ အစားအသောက်တွေကိုလည်း တက်နိုင်တဲ့ဘက်ကနေ လိုက်လံကာလှူဒါန်းမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။  

Photo Credit : Thinzar Wint Kyaw Facebook Account
Photo Credit : Thinzar Wint Kyaw Facebook Account

အခုလည်း မြေနီကုန်းမှာ လှုပ်ရှားမှုပြုလုပ်နေတဲ့ ပြည်သူပရိသတ်တွေ အာဟာရပြည့်ဝစေရေးအတွက် ကြာဇံကျော်နဲ့ အအေးများ ကိုယ်တိုင်လိုက်ဝေငှကာ အလှူဒါ ပြုခဲ့တာလည်းဖြစ်ပါတယ်။ တတ်နိုင်တဲ့နေရာကနေ မျိုးစုံလိုက်လံ ကူညီပေးနေတဲ့ သင်ဇာရဲ့ စိတ်ဓာတ်လေးကတော့ တကယ်လေးစားစရာပါပဲနော် ။ပရိသတ်ကြီးလည်း သင်ဇာရဲ့ အလှူပုံလေးတွေကို ကြည့်ရှုနိုင်စေရန် မျှဝေပေးလိုက်ပါတယ်။

Photo Credit : Thinzar Wint Kyaw Facebook Account
Photo Credit : Thinzar Wint Kyaw Facebook Account

Source & Photo Credit : Thinzar Wint Kyaw Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။