ကမ္ဘာ့ရှေးအကျဆုံး သမိုင်း၀င် ရုပ်တုများနဲ့အံ့ဩဖွယ်ရာများ

//s9.kh1.co/79/79a92a58eb3b0640f3328092479bcd12997d6866.jpg
ဗဟုသုတအဖြာဖြာ

 ၂၀-ဖေ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ကြီးကျယ်ခမ်းနားလှတဲ့ Khufu ပိရမစ်

Khufu ပိရမစ်ကြီးကို 2560 B.Cမှာစတင်တည်ဆောက်ခဲ့ပီး လူပေါင်း၁၀၀၀၀ကျော်လုပ်အားဖြင့်နှစ်နှစ်ဆယ်ကြာတည်ဆောက်ခဲ့ရပါတယ်။တည်ဆောက်ရာတွင်ကျောက်တုံးပေါင်း နှစ်သန်းကျော်ကိုအသုံးပြုခဲ့ရပြီး ကျောက်တုံးတစ်တုံးစီရဲ့အလေးချိန်က ကီလို ၉၀၀လောက်ရှိပါတယ်။

Photo Credit:Google
Photo Credit:Google
Photo Credit:Google
Photo Credit:Google

ရင်သပ်ရှုမောဖွယ်ကောင်းသည့် ဘေဘီလုံက Hanging Garden

ဒီဥယျာဉ်ကိုတော့ 600 B.Cလောက်မှာတည်ဆောက်ခဲ့တယ်လို့ယူဆရပါတယ်။ Nebuchadnezzar II ဆိုတဲ့ ဘုရင်ဟာသူ့ရဲ့မိဖုရားသေဆုံးသွားတာကို အမှတ်တရအဖြစ်တည်ဆောက်ခဲ့တယ်လို့သိရပါတယ်။ ဒီဥယျာဉ်ထဲမှာ လှပတဲ့အပင်တွေနဲ့ ပန်းပင်ပေါင်းများစွာစိုက်ပျိုးထားပါတယ်။

Photo Credit:Google
Photo Credit:Google
Photo Credit:Google
Photo Credit:Google

အ့ံဖွယ်လက်ရာတွေနဲ့ Artemis ဘုရားကျောင်း

Artemis ဘုရားကျောင်းကြီးကို 550 B.Cလောက်မှာတည်ဆောက်ခဲ့တယ်လို့ယူဆရပြီး အဲ့ဒီအချိန်တုန်းကအကြီးဆုံးဘုရားကျောင်းကြီးတစ်ခုဖြစ်ခဲ့ပါတယ်။တိုင်ပေါင်း( ၁၂၇)ခု ပါ၀င်ပြီး တိုင်တစ်တိုင်ချင်းစီရဲ့အမြင့်ဟာ ၁၈မီတာမြင့်ပါတယ်။ ဘုရားကျောင်းကြီးကို မာဘယ်လ်ကျောက်အများဆုံးသုံးပြီး တည်ဆောက်ထားတာပါ။

Photo Credit:Google
Photo Credit:Google
Photo Credit:Google
Photo Credit:Google

ရွှေတွေနဲ့ထုလုပ်ထားတဲ့ Zeus ရုပ်တု

ဒီရုပ်တုကြီးကို 450 B.Cမှာထုလုပ်ခဲ့ပြီး ဂရိနိုင်ငံမှာရှိတဲ့ အိုလံပီယာဘုရားကျောင်းကြီးထဲမှာထားရှိခဲ့ပါတယ်။Zeus ရုပ်တုကြီးကို ဆင်စွယ်၊ ရွှေအပြင် တခြားသော သတ္ထုများစွာဖြင့်ပေါင်းစပ်ပီးထုလုပ်ခဲ့ပါတယ်။

Photo Credit:Google
Photo Credit:Google
Photo Credit:Google
Photo Credit:Google

Harlicarnassus မှာရှိတဲ့ သချိုင်းဂူဗိမာန်

ဒီဗိမာန်ကြီးကို 350 B.Cမှာတည်ဆောက်ခဲ့တာဖြစ်ပြီး Mausolous ဆိုတဲ့ဘုရင်ဟာသူနတ်ရွာစံ တဲ့အခါမှာ ထည့်သွင်းမြုပ်နှံဖို့အတွက်တည်ဆောက်စေခဲ့ပါတယ်။ဂူဗိမာန်တစ်ခုလံုးကို အဖြူရောင်မာဘယ်လ်ကျောက်များဖြင့်တည်ဆောက်ထားပီး ၄၂ မီတာအမြင့်ရှိပါတယ်။

Photo Credit:Google
Photo Credit:Google
Photo Credit:Google
Photo Credit:Google

The Colossus of Rhodes

ဒီရုပ်တုကြီးကို B.C 282ခုလောက်မှာတည်ဆောက်ခဲ့ပြီး ၃၆.၅မီတာအမြင့်ရှိပါတယ်။ နှိုင်းယှဉ်ချက်များအရ အဆိုပါရုပ်တုကြီးဟာ အမေရိကန်နိုင်ငံမှာရှိတဲ့ လေဘာတီရုပ်တုထက်တောင်ပိုမြင့်နိုင်တယ်လို့ဆိုကြပါတယ်။

Photo Credit:Google
Photo Credit:Google
Photo Credit:Google
Photo Credit:Google

လှပခမ်းနားလွန်းတဲ့ Alexandriaရဲ့ မီးပြတိုက်ကြီး

အဆိုပါမီးပြတိုက်ကြီးဟာ 270 B.C လောက်မှာတည်ဆောက်ခဲ့တယ်လို့ယူဆရပြီး ဒီမီးပြတိုက်ကြီးဟာသူ့ခေတ်သူ့အခါတုန်းကအကြီးမားဆုံးအဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။၁၂၂မီတာအမြင့်ရှိြပီးတော့ ညဖက်ဆိုရင်မိုင်အကွာလောက်ကနေ သင်္ဘောပေါ်ကြည့်ရင် မီးပြတိုက်ကြီးရဲ့အလင်းရောင်ကိုမြင်နိုင်ပါတယ်။

Photo Credit:Google
Photo Credit:Google
Photo Credit:Google
Photo Credit:Google

သတင်း အရင်းအမြစ်Google

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T