မင်းသားချောလေး နေဒွေးကတော့ နှုတ်ခမ်းနီမလေးတွေ ရဲ့ အသည်းတွေကို ခြွေချထားနိုင်ခဲ့တဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ နေဒွေးကတော့ အနုပညာနယ်ပယ်မှာ အကောင်းဆုံးကြိုးစားလုပ်ကိုင်ခဲ့ပြီး ဗီဒီယိုဇာတ်ကားတွေနဲ့ရုပ်ရှင်ဇာတ်ကားတွေကိုများစွာ ရိုက်ကူးထားကာ ပရိသတ်တွေရဲ့ အချစ်တွေကို အပြည်အဝရရှိထားခဲ့ပါတယ်။ ဒါ့အပြင် နေဒွေးဟာ တည်ကြည်ခန့်ညားတဲ့ ရုပ်ရည်အပြင် စမတ်ကျတဲ့ ခန္ဓာကိုယ်အရပ်အမောင်း ပိုင်ဆိုင်ထားတာကြောင့် ဘယ်လိုဖက်ရှင်တွေပဲဖြစ်ဖြစ် လိုက်ဖက်နေတာ တွေ့ရပါတယ်။


လက်ရှိမှာတော့ နေဒွေးက အနုပညာအလုပ်တွေအပြင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကိုလည်း လုပ်ကိုင်နေတာဖြစ်ပါတယ်။ ဒါ့အပြင် မိဘပေါ်မှာလည်း သိတတ်တဲ့ သားလိမ္မာလေးတစ်ယောက်ဖြစ်သလို လိုအပ်တဲ့သူတွေအတွက်လည်း တက်နိုင်သလောက် အလှူအတန်းတွေကို မကြာခဏ လှူဒါန်းပေးတာ တွေ့ရပါတယ်။ ယခုမှာဆိုရင်လည နေဒွေးက လတ်တလောဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ အားမာန်တက်ကြွစွာ ပိုမိုပါဝင်ခဲ့တဲ့ ပြည်သူတွေအတွက် အလှူလေးပြုလုပ်ပေးခဲ့ပါတယ်။


ဒီအလှူလေးကတော့ လူငယ်တွေအတွက် အနာဂတ်အိမ်မက်တွေ မပျောက်ဆုံးအောင် ကိုယ်ကျိုးမငဲ့ပဲ လူထုလှုပ်ရှားမှုမှာ ပါဝင်ပေးခဲ့ကြတဲ့ အင်းစိန်က မီးရထားဝန်းထဲမှာ နေထိုင်တဲ့ ပြည်သူ့ဝန်ထမ်းတွေအတွက် တက်နိုင်တဲ့ဘက်ကနေ အခြေခံစားသောက်စရာတွေဖြစ်တဲ့ ဆန် ၊ ဆီ နဲ့ အခြား လူသုံးကုန်ပစ္စည်းများကို တာဝန်ရှိသူများထံသို့ ကိုယ်တိုင်ကိုယ်ကျ ပေးအပ် လူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။ ကဲ...ပရိသတ်ကြီးရေ အင်းစိန်မီးရထားဝန်းထဲက ပြည်သူများကို နိုင်သလောက်အလှုလေးပြုလုပ်ခဲ့တဲ့ နေဒွေးရဲ့ မွန်မြတ်တဲ့ အလှူလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
သတင်းအရင်းမြစ်: Source - Nay Dway fb page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။