ဒီအချိန်ဆိုရင် သားလေးတွေကို စနောက်ကျီစယ်ပြီး အော်ရငေါက်ရနဲ့ ပျော်ခဲ့ရတဲ့အမှတ်တရတွေကို အရမ်းလွမ်းကြောင်း ဖွင့်ဟလာတဲ့ကိုပေါက်

//s9.kh1.co/10/10c4252731ad71b64795227fd1d4f0566e65a623.jpg
အနုပညာရှင်များ

 ၂၀-ဖေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ဒီအချိန်ဆိုရင် သားလေးတွေကို စနောက်ကျီစယ်ပြီး အော်ရငေါက်ရနဲ့ ပျော်ခဲ့ရတဲ့အမှတ်တရတွေကို အရမ်းလွမ်းကြောင်း ဖွင့်ဟလာတဲ့ကိုပေါက်

ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ ကိုပေါက်ကတော့ ပျော်ရွှင်စရာမိသားစုကမ္ဘာလေးကို ဖန်တီးတည်ဆောက်ထားနိုင်သူတစ်ယောက်ဖြစ်ပြီး ချစ်စရာကောင်းတဲ့ သားလေး၂ယောက်ကို ပိုင်ဆိုင်ထားခဲ့တာပဲဖြစ်ပါတယ်။ ကြည်နူးစရာမိသားစုပုံရိပ်လေးတွေကို လူမှုကွန်ယက်ထက် ချပြလေ့ရှိတဲ့ကိုပေါက်ကတော့ လူထုလှုပ်ရှားမှုတွေမှာလည်း တက်တက်ကြွကြွနဲ့ပါဝင်ခဲ့သူတစ်ယောက်ဖြစ်ပြီး ပြည်သူတွေနဲ့အတူ ရပ်တည်လျက်ရှိနေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

Photo Credit : Aung Min Naing ' s Facebook Acc
Photo Credit : Aung Min Naing ' s Facebook Acc
Photo Credit : Aung Min Naing ' s Facebook Acc
Photo Credit : Aung Min Naing ' s Facebook Acc

ကိုပေါက်ကတော့ ယခုမှာ ဒီအချိန်ဆိုရင် သားလေးတွေနဲ့ စနောက်ကျီစယ်ပြီး အော်ရငေါက်ရနဲ့ ပျော်ခဲ့ရတဲ့အမှတ်တရတွေကို အရမ်းလွမ်းကြောင်း ဖွင့်ဟလာခဲ့ပါတယ်။ ကိုပေါက်ကတော့ " သားရေ ဖေဖေလွမ်းလို့ဒီအချိန်ဆို သားတွေကိုအိပ်ယာကနှိုး မျက်နှာသစ်သွားတိုက် သနပ်ခါးလူးပေးပြီး မနက်စာ ပက်ဒီရှူးဝါး၂ခွက် ဖျော်ပေးနေကြဒီအချိန်ဆို သားငယ်လေးရဲ့ILBC online classသင်တဲ့အချိန် သူ့ဘေးမှာထိုင်ပြီး သားငယ်နဲ့အတူတူသူငယ်တန်းစာတွေကျွန်တော်ပြန်သင်နေကြဒီအချိန်ဆို YouTube အရမ်းကြည့်တဲ့ ကိုကြီးသော်ကို အော်ရ ဟစ်ရနဲ့သားအစ်ဖနှစ်ယောက်ရေအတူတူချိုးနေကြဒီအချိန်ဆို သားငယ်လေးက သူဆော့နေတဲ့ Lego အရုပ်ကလေးတွေ ပူးနေလို့ ဒါလေးခွါပေးပါလား ပါပါးလို့လာပြောနေကြ "ဆိုပြီး ရေးသားထားခဲ့ပါတယ်။

Photo Credit : Aung Min Naing ' s Facebook Acc
Photo Credit : Aung Min Naing ' s Facebook Acc
Photo Credit : Aung Min Naing ' s Facebook Acc
Photo Credit : Aung Min Naing ' s Facebook Acc

ကိုပေါက်ကတော့ " ဒီအချိန်ဆို သားသားတို့ကြိုက်တဲ့ပေါင်မုန့်ကြက်ဥကြော်စားတဲ့အချိန် စာပွဲမှာအေးအေးဆေးဆေး ထိုင်မစားပဲ ဆော့ရင်းကစားရင်းစားနေလို့ ငြိမ်ငြိမ်စားဖို့ ကျွန်တော့အသံကြီးနဲ့ အော်ဟစ်နေကြဒီအချိန်ဆို လမ်းမပေါ်သားသားတို့စက်ဘီးထွက်စီးရင် ကျွန်တော်ကဘေးကနေ ပြေးလိုက်ပေးနေကြဒီအချိန်ဆို ကုတင်ပေါ်မှာ သား၂ယောက်နဲ့အတူစမက်ဒေါင်းချနေကြဒီအချိန်ဆို သားငယ်လေးရဲ့ဗိုက်ကိုလှန်ပြီးမုတ်ဆိတ်နဲ့ပွတ်ရင် သူအရမ်းအူတက်လို့တော်ပါတော့ပါပါးရယ် အရှုံးပေးပါတယ်လို့ပြောနေကြဒီအချိန်ဆို ညအိပ်ခါနီးတိုင်း ဒီနေ့ ပါပါးနဲ့ဘယ်သူအိပ်မှာလဲလို့မေးရင် ညီအစ်ကို ၂ယောက် ဗိုလ် ကျား သေနတ်စွဲနေကြဒီအချိန် သားနှစ်ယောက်ကို ကျွန်တော်နမ်းနေကြသားရေ ဖေဖေလွမ်းတယ်။ကိုပေါက်(ခေတ္တ ဝရမ်းပြေး) " ဆိုပြီး ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။

Source: Aung Min Naing ' s Facebook Acc

Photo Credit : Aung Min Naing ' s Facebook Acc
Photo Credit : Aung Min Naing ' s Facebook Acc
Photo Credit : Aung Min Naing ' s Facebook Acc
Photo Credit : Aung Min Naing ' s Facebook Acc
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T