ညီညီမောင်(စမ်းချောင်း)ဟာဆိုရင် မိတ်ကပ်ပညာရှင်တစ်ယောက်အဖြစ် နာမည်တစ်လုံးနဲ့ရပ်တည်နေတာဖြစ်ပါတယ်။ညီညီမောင်ကို ချစ်ခင်အားပေးကြတဲ့ပရိသတ်တွေက သုသုလို့ ချစ်စနိုးခေါ်ဝေါ်ကြတာဖြစ်ပါတယ်နော်။သုသုက ပွင့်ပွင့်လင်းလင်းနေထိုင်တတ်ပြီး အကူအညီလိုအပ်သူတိုင်းကိုလည်း စေတနာအပြည့်နဲ့ကူညီပေးနေတာဖြစ်ပါတယ်။သုသုရဲ့ အပြောအဆိုလေးတွေနဲ့ အမူအရာမျိုးစုံတို့ကို ပရိသတ်တွေကလည်း သဘောကျနှစ်ခြိုက်နေကြတာဖြစ်ပါတယ်။သုသုကလည်း ပြည်သူတွေနဲ့တစ်သားတည်းနေထိုင်တတ်တာကြောင့် လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေမှာဆိုရင်လည်း သူမတတ်နိုင်တဲ့ဘက်ကနေပါဝင်လှုပ်ရှားနေတာဖြစ်ပါတယ်နော်။


သုသုက နေ့တိုင်းလမ်းမပေါ်ထွက်ပြီး ပြည်သူလူထုနဲ့အတူ စိတ်ဓာတ်ကြံ့ကြံ့ခိုင်ခိုင်နဲ့ရပ်တည်နေတာဖြစ်ပါတယ်။သုသုကတော့”မှားနေတာကြီး ကိုတော့ မှန်နေပါတယ်ဆိုပြီးအတင်း ထောက်ခံ နေမယ့်ထဲ သဲသု မပါဘူး ဒါကြောင့်လမ်းပေါ်ထွက်ခဲ့တယ်”ဆိုပြီး သူမလမ်းပေါ်ထွက်ရတဲ့အကြောင်းအရင်းလေးကိုရေးသားထားတာဖြစ်ပါတယ်။သုသုလိုပဲ လမ်းပေါ်ထွက်နေကြတဲ့ပြည်သူတွေကလည်း မိမိတို့ရဲ့ခိုင်မာတဲ့စိတ်ဓာတ်ကို ရဲဝံ့စွာဖော်ထုတ်နေကြတာဖြစ်ပါတယ်နော်။သုသုတို့လို Celeတွေကတော့ ပြည်သူတွေထဲကပြည်သူတစ်ယောက်ဖြစ်တာကြောင့် အများနည်းတူပါဝင်လှုပ်ရှားနေကြတာပဲဖြစ်ပါတယ်။



လက်ရှိအခြေအနေတွေကြောင့် ရပ်ကွက်တွေအတွင်းကိုလည်း လူစိမ်းတွေမကြာခဏဝင်ရောက်တတ်တာကြောင့်ပြည်သူလူထုက အချင်းချင်းရိုင်းပင်းကူညီနေကြတာဖြစ်ပါတယ်။ရပ်ကွက်တိုင်းကလည်း မိမိတို့ရပ်ကွက်လုံခြုံရေးအတွက် အကာအရံတွေကို သေချာလုပ်ကြပြီး ညတိုင်းအလှည့်ကျကင်းစောင့်ကြတာဖြစ်ပါတယ်။သုသုကတော့ နေ့ဘက်မှာလည်း လူထုလှုပ်ရှားမှုမှာပါဝင်သလို ညဘက်ရောက်တော့လည်း ရပ်ကွက်လုံခြုံရေးအတွက်ကင်းစောင့်ပေးတာဖြစ်ပါတယ်။သုသုတို့လို တာဝန်သိပြည်သူတွေက အခုလ်ုမျိုး တစ်တပ်တစ်အားကူညီဖေးမကြလို့ အရမ်းပီတိဖြစ်ဖို့ကောင်းတဲ့အခြေအနေလေးပဲဖြစ်ပါတယ်နော်။


Source&Photo Credit:Nyi Nyi Maung’s Facebook page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။