မင်းသမီးချောလေး ဆောင်းဝတ်ရည်မေကတော့ ဇာတ်လမ်းတွဲလေးတွေ အများအပြားရိုက်ကူးခဲ့သလို သီချင်းဗီဒီယိုတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သူလေး ဖြစ်ပါတယ် ။ အနုပညာအလုပ်တွေကို ကြိုးစားပမ်းစားလုပ်ကိုင်ခဲ့တဲ့ ဆောင်းဝတ်ရည်မေက နာမည်တစ်လုံးနဲ့ ရပ်တည်လာနိုင်ခဲ့ပြီး ပရိသတ်တွေရဲ့အားပေးမှုကိုလည်း ရရှိခဲ့တာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ ဆောင်းဝတ်ရည်မေက သူမချစ်တဲ့ပြည်သူပရိသတ်တွေနဲ့အတူ လမ်းပေါ်ထွက်ပြီး ရင်တွင်းဆန္ဒတွေကို တောင်းဆိုနေတာ ဖြစ်ပါတယ် ။

Photo Credit-Hsaung WutYee May's FB Page
Photo Credit-Hsaung WutYee May's FB Page

လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေအရ ဆောင်းဝတ်ရည်မေက သူမကိုယ်တိုင်လူထုလှုပ်ရှားမှုမှာ ပါဝင်နေသလို ပြည်သူတွေအတွက် အစားအသောက်တွေကို လှူဒါန်းပေးနေတာလည်း ဖြစ်ပါတယ် ။ အခုလည်း ဆောင်းဝတ်ရည်မေက တိုင်းရင်းသားအားလုံးကို ချစ်တဲ့သူဖြစ်တာကြောင့် အားလုံးစိတ်ဝမ်းမကွဲဘဲ ချစ်ချစ်ခင်ခင်နေကြဖို့ တောင်းပန်စကားဆိုလိုက်တာ ဖြစ်ပါတယ် ။ ဆောင်းဝတ်ရည်မေက "အရင်တုန်းက တိုင်းရင်းသားတွေဖိနှိပ်ခံခဲ့ရတုန်းက မမြင်မိခဲ့ မသိမိခဲ့မိတာတွေရှိရင် တောင်းပန်ပါတယ်ရှင် ။ အဲ့တုန်းက သတိမထားမိခဲ့သလိုများရှိခဲ့ရင် ခွင့်လွှတ်ပေးပါနော် ။ အခုဒီကိစ္စကြီးမှာ အရေးတော်ပုံသာမအောင်မြင်ခဲ့ရင်..ကျွန်မတို့ဗမာတွေအပါဝင် ကျန်တစ်ခြားတိုင်းရင်းသားတွေ အားလုံးအကုန်လုံး ထပ်ပြီးတော့ အခုထက်ပိုဆိုးစွာ ဖိနှိပ်ချုပ်ချယ်ခံရမှာမို့ အားလုံးအတူတူဝိုင်းပြီး ဆန့်ကျင်ကြရအောင်ပါ။ ဘယ်သူထိထိ ဘယ်တိုင်းရင်းသားထိထိ ရင်ထဲမကောင်းအောင်ကို ခံစားနေရပါပြီရှင် 🙏🏻🙏🏻ကျွန်မကတော့ တိုင်းရင်းသားအားလုံးကိုချစ်ပါတယ် ခွဲခြားထားတာမရှိပါဘူး ။ "

Photo Credit-Hsaung WutYee May's FB Page
Photo Credit-Hsaung WutYee May's FB Page
Photo Credit-Hsaung WutYee May's FB Page

"တုတုကိုယ်တိုင်တောင် တုတုက ဗမာဆိုပြီးလည်းမတွေးထားသလို ကျန်တဲ့သူတွေကိုလည်း တိုင်းရင်းသားဆိုပြီး တွေးပြီး မဆက်ဆံတတ်ပါဘူးရှင်။ တုတုမှာ ကျောင်းတက်ကတည်းကနေ အခုထိ တိုင်းရင်းသားအစုံ သူငယ်ချင်းရှိပါတယ်. သူတို့နဲ့လည်း တကယ်ကိုခုထိ ချစ်ချစ်ခင်ခင်ပါ ။ နောက်ပြီးတော့ တိုင်းရင်းသားအစားအစာဆို ဗမာအစားအစာထက်တောင် ပိုကြိုက်မိတယ်ဆိုတာတော့ အမှန်တိုင်းဝန်ခံပါရစေ ။ အားလုံးစိတ်ဝမ်းမကွဲဘဲ ချစ်ချစ်ခင်ခင်နေကြရအောင်ပါရှင် ။ တောင်းပန်ပါတယ် 😢လက်သည်းဆိတ်ရင် လက်ထိပ်နာရပါသည်။ စာထဲမှာ အမှားပါခဲ့ရင်လည်း ခွင့်လွှတ်ပေးကြပါ ။ (Edit -တိုင်းရင်းသားတွေအထိနာခဲ့တုန်းကလည်း ဝမ်းသာပြီး ဩဘာပေးခဲ့တဲ့ထဲလည်းကျွန်မမပါခဲ့ပါဘူး) * ဒီစာလေးကိုရေးရတာ လျစ်လျူရှုမိတာတွေရှိခဲ့ရင် ခွင့်လွှတ်ပေးဖို့ တောင်းပန်တာပါရှင်။ ထပ်ပြီးတော့ စိတ်ဝမ်းကွဲစေတာမျိုး...စိတ်ဝမ်းကွဲစေမယ့် Comments တွေမရေးကြပါနဲ့ရှင် မေတ္တာရပ်ခံပါတယ်။ **အဲ့လိုတွေများဖြစ်လာခဲ့ရင် ဒီPostကို ဖျက်ပါ့မယ်နော်" ဆိုပြီး သူမရဲ့လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် တိုင်းရင်းသားတွေအားလုံးကို အနူးအညွတ်တောင်းပန်ထားတာပဲ ဖြစ်ပါတယ် ။

Source & Photo Credit-Hsaung WutYee May's FB Page

Photo Credit-Hsaung WutYee May's FB Page
Photo Credit-Hsaung WutYee May's FB Page
Photo Credit-Hsaung WutYee May's FB Page
Photo Credit-Hsaung WutYee May's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။