လူထုလှုပ်ရှားမှုပြုလုပ်နေတဲ့ ပြည်သူတွေ အမောပြေစားသောက်နိုင်ရန်အတွက် မုန့်နဲ့အအေး အယောက် ၁၄၀၀၀ စာလိုက်ဝေငှမယ့် စမိုင်းလ်

//s9.kh1.co/ec/ecd36276e7819182b0b261d69ed3fb03ece4de19.jpeg
အနုပညာရှင်များ

 ၂၀-ဖေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

......

စမိုင်းလ်ကတော့ တစ်ခေတ်တစ်ခါက အောင်မြင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပါဝင်တဲ့ ဇာတ်ကားတိုင်းမှာ အကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိနေခဲ့တဲ့ သူမကတော့ ကြည်နူးစရာကောင်းလွန်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားနိုင်သူလေးဖြစ်ပြီး ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။

Photo Credit : Smile Facebook Page 
Photo Credit : Smile Facebook Page 
Photo Credit : Smile Facebook Page 
Photo Credit : Smile Facebook Page 

စမိုင်းလ်တို့မိသားစုက အလှူအတန်းဆိုလည်း အရမ်းရက်ရောကြပြီး မကြာခဏဆိုသလို လိုအပ်တဲ့နေရာအစုံမှာ လှူဒါန်းမှုတွေမျိုးစုံပြုလုပ်နေကြတာဖြစ်ပါတယ်။ဒီရက်ပိုင်းမှာလည်း ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီးလည်း ပြည်သူလူထုနဲ့အတူ ရပ်တည်ခဲ့တာလည်းဖြစ်ပြီး လမ်းမပေါ်ထွက်ကာ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တာကိုလည်းလေးစားစရာကောင်းလောက်အောင်ကိုတွေ့မြင်ရပါတယ်။

Photo Credit : Smile Facebook Page 
Photo Credit : Smile Facebook Page 
Photo Credit : Smile Facebook Page 
Photo Credit : Smile Facebook Page 

ဒါ့အပြင် လူထုလှုပ်ရှားမှုတွေပြုလုပ်နေတဲ့ ပြည်သူတွေ အဆာပြေစားသောက်နိုင်ရန် အစားအသောက်များ လိုက်ဝေငှခဲ့သလို လိုအပ်တဲ့ ပစ္စည်းတွေကိုလည်း လှူဒါန်းခဲ့ပါသေးတယ်။အခုလည်း လူအယောက် ၁၄၀၀၀ စာ မုန့်နဲ့အအေးတွေကို ထပ်မံလှူဒါန်းရန်ပြင်ဆင်နေတဲ့ပုံလေးတွေနဲ့အတူ " ကြက်ဥပြုတ် သကြားလုံး / အဆာပြေမုန့်လေးတွေနဲ့ မိုင်လိုဗူး 14,000 ဝေရန်ပြင်ဆင်"ဆိုတဲ့စာလေးကိုဖော်ပြထားရာ စမိုင်းလ်တို့ မိသားစုရဲ့ အလှူလေးကို သာဓုခေါ်နိုင်စေရန် ပရိသတ်ကြီးအတွက်ပြန်လည်ဝေမျှပေးလိုက်ပါတယ်။ 

Photo Credit : Smile Facebook Page 
Photo Credit : Smile Facebook Page 
Photo Credit : Smile Facebook Page 
Photo Credit : Smile Facebook Page 

Source & Photo Credit : Smile Facebook Page 

Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T