ပြည်သူတွေအဟာရပြည့်ဝဖို့အတွက် ကြာဇံကြော်ကို ကိုယ်တိုင်လုပ်အားပေးချက်ပြုတ်ပြီး လှူဒါန်းဖို့ပြင်ဆင်နေတဲ့ပိုးကြာဖြူခင်

//s9.kh1.co/04/04d7d0d64e25ed4a9eba429de099d7479ed34c01.jpeg
အနုပညာရှင်များ

 ၂၀-ဖေ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

ပြည်သူတွေအဟာရပြည့်ဝဖို့အတွက် ကြာဇံကြော်ကို ကိုယ်တိုင်လုပ်အားပေးချက်ပြုတ်ပြီး လှူဒါန်းဖို့ပြင်ဆင်နေတဲ့ပိုးကြာဖြူခင်

မင်းသမီးချောလေးပိုးကြာဖြူခင်ကတော့ ဇာတ်လမ်းတွဲတွေရိုက်ကူးရင်း ပရိသတ်ရင်ထဲကိုရောက်ရှိလာတဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ပိုးကြာဖြူခင်က ဇာတ်ရုပ်အမျိုးမျိုးကို ပီပြင်ပိုင်နိုင်အောင်သရုပ်ဆောင်တတ်လို့ “မိုးကောင်ကင်အိပ်မက်”ဇာတ်လမ်းတွဲထဲက “ဆိုင်းမိုင်”နာမည်လေးဟာဆိုရင် အခုချိန်ထိတောင်ပရိသတ်တွေက ချစ်စနိုးလေးနဲ့ခေါ်နေကြဆဲဖြစ်ပါတယ်နော်။ပိုးကြာဖြူခင်က စိတ်သဘောထားပြည့်ဝပြီးမာန်မာနမကြီးတတ်လို့ လူချစ်လူခင်ပေါများနေတာဖြစ်ပါတယ်။ပိုးကြာဖြူခင်တို့သားအမိနှစ်ယောက်ကတော့လတ်တလောအခြေအနေမှာဆိုရင် လူထုလှုပ်ရှားမှုမှာ တစ်မိသားစုလုံး အင်တိုက်အားတိုက်ပါဝင်နေကြတာဖြစ်ပါတယ်နော်။

Photo Credit:Poe Kyar Phyu Khin’s Facebook Account

ပိုးကြာဖြူခင်က အနုပညာရှင်မောင်နှမတွေနဲ့အတူ လမ်းမပေါ်ထွက်ပြီး တစ်ခဲနက်ပါဝင်လှုပ်ရှားကာ ပြည်သူတွေနဲ့တစ်သားတည်းရှိနေတာဖြစ်ပါတယ်။လက်ရှိအခြေအနေတွေမှာဆိုရင် မြန်မာပြည်သူ၊ပြည်သားတွေကလည်းအချင်းချင်းစည်းလုံးကြပြီး အပြန်အလှန်ဖေးမကူညီနေကြတာဖြစ်ပါတယ်။လမ်းပေါ်မှာလှုပ်ရှားနေကြတဲ့ပြည်သူလူထုအတွက်လည်း စားစရာ၊သောက်စရာ၊အပြန်လမ်းခရီးတွေ ပူပင်စရာမလိုလောက်အောင်ကို ဒါနပြုနေကြတဲ့သူတွေအများကြီးရှိပါတယ်နော်။ပိုးကြာဖြူခင်တို့မိသားစုကလည်း ကိုယ်တိုင်လည်းပါဝင်လှုပ်ရှားကြသလိုပြည်သူလူထုအတွက်လည်း အဟာရဒါနကို အမြဲလိုလိုလှူဒါန်းနေကြတာဖြစ်ပါတယ်။

Photo Credit:Poe Kyar Phyu Khin’s Facebook Account
Photo Credit:Poe Kyar Phyu Khin’s Facebook Account
Photo Credit:Poe Kyar Phyu Khin’s Facebook Account
Photo Credit:Poe Kyar Phyu Khin’s Facebook Account
Photo Credit:Poe Kyar Phyu Khin’s Facebook Account
Photo Credit:Poe Kyar Phyu Khin’s Facebook Account

အခုဆိုရင်လည်း ပိုးကြာဖြူခင်တို့မိသားစုက ပြည်သူလူထုကိုလှူဒါန်းဖို့အတွက် ကြာဇံကြော်ကို ကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်နေကြတာဖြစ်ပါတယ်။ပိုးကြာဖြူခင်ကတော့”ကျွန်မ တို့ မိသားစုရဲ့ ကြာဇံကြော် နဲ့ အအေးဘူးအလှူ ကိုယ်တိုင် လုပ်အားပေး ရတော့ ပိုပြီး ပီတိဖြစ်ရပါတယ် ပါဝင်ကူညီပေးခဲ့ကြတဲ့ ချစ်ရတဲ့ ရပ်ကွက်သူရပ်ကွက်သားများနဲ့တကွ ကျွန်မ ရဲ့ fan လေးများကိုလည်း ကျေးဇူးအများကြီးတင်ပါတယ် အလုပ်အကိုင်အချိန်ရဲ့snap လေးတွေ ရွေးတင်ပေးလိုက်ပါတယ်ရှင် နေ့တိုင်း နိုင်သလောက် လှူဒါန်းပေးပါမယ် အားမလျှော့ကြပါနဲ့ကျွန်မ တို့ နိုင်သလောက် တောင့်ခံပေးပါမယ် fighting”ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။ပြည်သူလူထုကလည်းဖေဖော်ဝါရီလ(၁)ရက်နေ့ကတည်းက ယနေ့အချိန်ထိတိုင် ရဲရင့်ပြတ်သားလာကြပြီး လုံးဝအားမလျော့ကြသေးတာဖြစ်ပါတယ်နော်။

Photo Credit:Poe Kyar Phyu Khin’s Facebook Account
Photo Credit:Poe Kyar Phyu Khin’s Facebook Account
Photo Credit:Poe Kyar Phyu Khin’s Facebook Account
Photo Credit:Poe Kyar Phyu Khin’s Facebook Account
Photo Credit:Poe Kyar Phyu Khin’s Facebook Account
Photo Credit:Poe Kyar Phyu Khin’s Facebook Account

Source&Photo Credit:Poe Kyar Phyu Khin’s Facebook Account

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T