လူထုလှုပ်ရှားမှုမှာ ပိုမိုပါဝင်ပေးခဲ့ကြတဲ့ ပြည်သူ့ဝန်ထမ်းတွေအတွက် တက်နိုင်တဲ့ဘက်ကနေ ကျေးဇူးဆပ်သွားမယ့် သူမရဲ့အစီအစဥ်လေးကို ပြောပြလာတဲ့ အိန္ဒြာကျော်ဇင်

//s9.kh1.co/8c/8c8ecb6c1f51db5dd270c90ed369106979468648.jpg
အနုပညာရှင်များ

 ២០-កុម្ភៈ-២០២១ ៩ព្រឹក · ៦ ឆ្នាំមុន

.

ပရိသတ်ကြီးရေ မင်းသမီး အိန္ဒြာကျော်ဇင် ကတော့ အောင်မြင်မှုတွေရရှိနေတဲ့ထိပ်တန်း အနုပညာရှင်တွေထဲမှာ တစ်ယောက်အပါဝင်ပဲ ဖြစ်ပါတယ်။ သူမဟာ အနုပညာအလုပ်တွေကို ဆယ်စုနီးပါးမကကြိုးစားလုပ်ကိုင်လာခဲ့ပြီး ပီပီပြင်ပြင် သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေရဲ့ ရင်ထဲမှာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်ထိလည်း အိန္ဒြာကျော်ဇင် က အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ကိုင်နေပြီး သာယာပျော်ရွှင် မိသားစုလေးနဲ့အတူ ဘဝကိုအေးချမ်းစွာနေထိုင်နေတာဖြစ်ပါတယ်။

Photo Credit - Eaindra Kyaw Zin fb page
Photo Credit - Eaindra Kyaw Zin fb page
Photo Credit - Eaindra Kyaw Zin fb page
Photo Credit - Eaindra Kyaw Zin fb page

လတ်တလောဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ အိန္ဒြာကျော်ဇင်တို့ မိသားစုကတော့ လူငယ်တွေအတွက် အနာဂတ်အိမ်မက်တွေ မပျောက်ဆုံးအောင် ပြည်သူပြည်သားတွေနဲ့ အပြည့်အဝရပ်တည်ပေးခဲ့ပါတယ်။ တာဝန်ကျေတဲ့ နိုင်ငံသားတစ်ယောက်အနေနဲ့ အမှန်တရားကိုရရှိစေဖို့ လမ်းမပေါ်ထွက်ပြီးတော့လည်း နေ့စဥ်အမျှ ဆိုသလို တက်တက်ကြွကြွနဲ့ ပါဝင်ခဲ့တာကို တွေ့ရပါတယ်။ ယခုမှာဆိုရင်တော့ အိန္ဒြာကျော်ဇင် က လူထုလှုပ်ရှားမှုမှာ ပိုမိုပါဝင်ပေးခဲ့ကြတဲ့ ပြည်သူ့ဝန်ထမ်းတွေအတွက် သူမတက်နိုင်တဲ့ ဘက်ကနေ ကျေးဇူးဆပ်နိုင်တဲ့ အစီအစဉ်လေးကို ပြောပြလာခဲ့ပါတယ်။

Photo Credit - Eaindra Kyaw Zin fb page
Photo Credit - Eaindra Kyaw Zin fb page
Photo Credit - Eaindra Kyaw Zin fb page
Photo Credit - Eaindra Kyaw Zin fb page

"ဒီအမှောင်တွေလွန်သွားလို့ ရောင်နီသန်းတဲ့ခေတ်ကိုရောက်တဲ့အခါ ကျွန်မတို့ရဲ့ “THUDRA” Productionမှထုတ်လုပ်တဲ့ ရုပ်ရှင်ကားတွေ ရုံတင်ရင်CDM မှာ ပါဝင်ခဲ့တဲ့ ဝန်ထမ်းတွေနဲ့ မိသားစုဝင် 1000 (ရုပ်ရှင်လက်မှတ်အစောင်ရေ1000) ကို လက်ဆောင်ပေးပါမယ်....CDM ပြည်သူ့ဝန်ထမ်းတွေရဲ့ကျေးဇူးဟာ အားလုံးအပေါ်မှာရှိတဲ့အတွက် တတ်နိုင်သလောက် အသိအမှတ်ပြု ကျေးဇူးဆပ်တဲ့သဘောပါပဲ..." ဆိုပြီး ရေးသားထားပါတယ်။ ကဲ..ပရိသတ်ကြီးရေ တိုင်းပြည်အတွက် တက်နိုင်တဲ့ဘက်နေ အုပ်တစ်ချပ်သဲတစ်ပွင့် အနေဖြင့် ပါဝင်လုပ်ဆောင်ပေးနေတဲ့ မင်းသမီး အိန္ဒြာကျော်ဇင်ကို ဆုထောင်းမေတ္တာပို့သပေးလိုက်ပါဦးနော်။

Photo Credit - Eaindra Kyaw Zin fb page
Photo Credit - Eaindra Kyaw Zin fb page

သတင်း အရင်းအမြစ်៖ Source- Eaindra Kyaw Zin fb page

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T