နှိုင်းရှင်မြင့်မိုရ်ကတော့ ဗီဒီယိုဇာတ်ကားတွေမှာရော ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ကျရာဇာတ်ရုပ်မျိုးစုံကို အပီအပြင် သရုပ်ဆောင်နိုင်တဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ် ။ ဒါကြောင့်လည်း နှိုင်းရှင်မြင့်မိုရ်က ပရိသတ်တွေနဲ့ရင်းနှီးမှုရရှိပြီး အောင်မြင်နေတာ ဖြစ်ပါတယ် ။ အနုပညာအလုပ်တွေအပြင် ကိုယ်ပိုင်စီးပွားရေးကိုလည်း လုပ်ကိုင်နေတဲ့ နှိုင်းရှင်မြင့်မိုရ်က အခုတော့ လမ်းပေါ်ထွက်ပြီး ပြည်သူတွေနဲ့အတူ ပါဝင်လှုပ်ရှားနေတာ ဖြစ်ပါတယ် ။



ပြည်သူထဲကတစ်ယောက်ဖြစ်တဲ့ နှိုင်းရှင်မြင့်မိုရ်က လက်ရှိမှာဆိုရင် သူမရဲ့ဆန္ဒအရ လူထုနဲ့အတူ တစ်သားတည်း ရပ်တည်နေတာပဲ ဖြစ်ပါတယ် ။ လူထုလှုပ်ရှားမှုတွေကို နေ့တိုင်းလိုလို တက်တက်ကြွကြွဆောင်ရွက်နေတဲ့ နှိုင်းရှင်က အခုလည်း ခြံထွက်အသီးအနှံတွေနဲ့ ဒါနပြုခဲ့တာ ဖြစ်ပါတယ် ။ နှိုင်းရှင်မြင့်မိုရ်က သူမတို့ခြံကနေထွက်ရှိတဲ့ ပိန္နဲသီးတွေနဲ့ ဖရဲသီးတွေကို ပြည်သူတွေအမောပြေစားသုံးနိုင်အောင် လမ်းပေါ်မှာ လိုက်ဝေပေးခဲ့တာ ဖြစ်ပါတယ် ။




နှိုင်းရှင်မြင့်မိုရ်က "ဒီနေ့ ကျွန်မတို့ခြံကထွက်တဲ့ ပန်းဧကရီ အော်ဂဲနစ် ယိုးဒယား ပိန္နဲသီး (၁၃)လုံးနဲ့ ဖရဲသီး အလုံး (၂၀)ကျော်ကို ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေတဲ့ ညီအစ်ကိုမောင်နှမများအားလုံး အမောပြေစားသုံးဖို့ လှူဒါန်းခဲ့ပါတယ် အားလုံးအမောပြေကြပါစေ" ဆိုပြီး အမှတ်တရရိုက်ကူးခဲ့တဲ့ ပုံလေးတွေကို တင်ပေးထားတာ ဖြစ်ပါတယ် ။ အရသာရှိတဲ့ ခြံထွက်သစ်သီးတွေကို ပြည်သူတွေ လတ်လတ်ဆတ်ဆတ်စားသုံးနိုင်ဖို့အတွက် နှိုင်းရှင်မြင့်မိုရ်နဲ့အတူ အနုပညာမောင်နှမတွေကလည်း ဝိုင်းကူပေးခဲ့ကြတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် နှိုင်းရှင်မြင့်မိုရ်ရဲ့အလှူပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source & Photo Credit-Nhying Shin's FB Acc




"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။