လူငယ်တွေရဲ့ အနာဂတ်အတွက် ပြည်သူပရိသတ်တွေနဲ့ အတူ တစ်ဖက်တစ်လမ်းကနေ ဝင်ရောက် အားဖြည့်ပေးကာ လှုပ်ရှားမှုတွေကို လုပ်ဆောင်နေတဲ့ Project K

//s9.kh1.co/ae/ae272d1e1369d489b83d22bd9b78fbc6f66c69e7.jpg
အနုပညာရှင်များ

 ၁၉-ဖေ-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

.

ကိုရီးယားမင်းသားတွေလို ချောမောတည်ကြည် ခန့်ညားတဲ့ လူငယ်အဖွဲ့လေးတစ်ခု ကတော့ Project K ပဲဖြစ်ပါတယ်။သူတို့ အဖွဲ့လေးကိုတော့ လူငယ် ၇ယောက်နဲ့ ဖွဲ့စည်းထားကာ သီချင်းနဲ့ အကကို တွဲဖက်ကာ သီဆိုဖျော်ဖြေတာ ဖြစ်တဲ့ အတွက်ကြောင့် ပရိသတ်တွေကြားမှာ ရေပန်းစား အောင်မြင်နေတာ ပဲဖြစ်ပါတယ်။ဟိုးအရင်ကသီချင်းတွေကိုလည်း တစ်ဖန်ပြန်လည် ဆန်းသစ်ထီထွင်ပြီး သီဆိုကပြတာကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ် ချစ်ခင်အားပေး ဝန်းရံမှုကို ခံနေရတာလည်း ဖြစ်ပါတယ်။

Photo Credit-HSH 
Photo Credit-HSH 
Photo Credit-HSH 
Photo Credit-HSH 
Photo Credit-HSH 
Photo Credit-HSH 
Photo Credit-HSH 
Photo Credit-HSH 

Project K အဖွဲ့ကတော့ တောင်ကိုရီးယားနိုင်ငံမှာလည်း မြန်မာကိုယ်စားပြုအနေနဲ့ ဖျော်ဖြေခဲ့တာ ဖြစ်ပြီး မကြာသေးခင်တုန်းကလည်း နာမည်ကြီး အဆိုတော်တစ်ဦးဖြစ်တဲ့ ဟဲလေးနဲ့လည်း သီချင်းအသစ်လေးကို ထွက်ရှိထားကာ ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးမှုကို ထပ်မံရရှိထားတာ ပဲဖြစ်ပါတယ်။Covid ကာလတွင်လည်း ပွဲတွေ မလုပ်ရပေမယ့် Live လွှင့်ကာ စကားတွေပြောရင်း သီချင်းတွေလည်း ဆိုပြကာ ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ် ရှိနေတာ ဖြစ်ပါတယ်နော်.....။

Photo Credit-HSH 
Photo Credit-HSH 
Photo Credit-HSH 
Photo Credit-HSH 
Photo Credit-HSH 
Photo Credit-HSH 
Photo Credit-HSH 
Photo Credit-HSH 

လတ်တလောမှာတော့ ယခုဖြစ်ပေါ်နေတာနဲ့ ပက်သက်ပြီး လူငယ်ပီပီ ပြည်သူလူထုနဲ့ တစ်သွေး တစ်သားတည်း ရှိကာ လမ်းမထက်မှာ တက် တက် ကြွကြွ ပါဝင် လှုပ်ရှားမှုတွေကို လုပ် ဆောင်နေတာ ပဲဖြစ်ပါတယ်။သူတို့ရဲ့ လူမူကွန်ယက်စာမျက်နှာပေါ်တွင်လည်း "ကျွန်တော်တို့က လူငယ်တွေပါ ကျွန်တော်တို့မှာ အနာဂတ်ရှိတယ် Fight For Democracy"ဆိုတဲ့ စာသားနဲ့ အတူ လူထုလှုပ်ရှားမှုမှာ အားကြိုးမာန်တတ် လုပ်ဆောင်နေတဲ့ ပုံရိပ်တွေကို ဖော်ပြပေးလာတာ ဖြစ်ပါတယ်။Project K ရဲ့ချစ်ပရိသတ်တွေ အတွက် သူတို့ရဲ့ပါဝင်မှုကို ကျေနပ်အားရလိမ့်မယ်လို့ မျှော်လင့်တာမို့ ပြန်လည် မျှဝေပေးလိုက်ပါတယ်။

Photo Credit-HSH 
Photo Credit-HSH 
Photo Credit-HSH 
Photo Credit-HSH 
Photo Credit-HSH 
Photo Credit-HSH 
Photo Credit-HSH 
Photo Credit-HSH 
Photo Credit-HSH 
Photo Credit-HSH 

သတင်း အရင်းအမြစ်Project K FB page

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T