ပရိသတ်ကြီးရေ မော်ဒယ်လ် စူးရှထက်ကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေကို သိမ်းပိုက်ရရှိထားပြီး နေရာတစ်ခုကိုလည်း အခိုင်အမာရရှိထားတာဖြစ်ပါတယ်။ စူးရှထက်က Photo Shooting တွေကို အများဆုံးရိုက်ကူးလေ့ရှိတာဖြစ်ပြီး သူမရဲ့ ပုံရိပ်အလန်းလေးတွေကြောင့် ပုရိသပရိသတ်ကြား ရေပန်းစား လူကြိုက်များတာကိုလည်း တွေ့ရပါတယ်။ လက်ရှိမှာတော့ စူးရှထက်က အနုပညာလှုပ်ရှားမှုတွေကို ခေတ္တရပ်နားထားတာဖြစ်ပါတယ်။


စူးရှထက်က လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေအပေါ် ပြည်သူတွေနဲ့အတူ တစ်သားတည်း ဝန်းရံရပ်တည်နေတာဖြစ်ပြီး သူမရဲ့ လူမှုကွန်ယက် ဆိုရှယ်မီဒီယာထက်မှာ လှုပ်ရှားမှု ပုံလေးတွေကို တင်ပေးလေ့ရှိတာလည်းဖြစ်ပါတယ်။ ယနေ့မှာလည်း မော်ဒယ်လ် စူးရှထက်က ရန်ကုန်မြို့က လူထုလှုပ်ရှားမှုမှာ တက်တက်ကြွကြွ ပါဝင်ခဲ့တာဖြစ်ပြီး တက်နိုင်တဲ့ ဘက်က အလှူဒါနတွေကိုလည်း ပြုလုပ်နေတာ ဖြစ်ပါတယ်။


ဒါကတော့ နေပူထဲမှာ လှုပ်ရှားမှုပြုလုပ်နေတဲ့ လူအုပ်ကြီးကို ကြက်ဥပြုတ်တွေ ဝေမျှနေခဲ့တာဖြစ်ပြီး " ကိုယ်တတ်နိုင်တဲ့ အလှူလေး အများကြီးမလှူနိုင်ပေမဲ့ တစ်နေ့ တစ်မျိုးလှူဖစ်တယ် တို့ပြည်သူတွေ ရှိတာလေးနဲ့ ဝေစားမျှစားကြမယ်နော် " ဆိုတဲ့ စာသားလေးကို ရေးကာ ပိုစ့်တင်ပေးလာတာပဲ ဖြစ်ပါတယ်။ နိုင်ငံအတွက် တစ်နိုင်တစ်ပိုင်ကူညီပေးရုံသာမကပဲ အလှူတွေလည်း ပြုလုပ်နေခဲ့တဲ့ စူးရှထက်ရဲ့ ပုံလေးတွေကို ပရိသတ်တွေထံ ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။



သတင်းအရင်းမြစ်: Source - Zar Chi's FB account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။