မင်းသမီးချောလေးခင်ဝင့်ဝါကတော့ အောင်မြင်လျက်ရှိနေတဲ့ အနုပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး မိန်းကလေးပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုရော ယောကျာ်းလေးပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုပါ အခိုင်အမာရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ရိုက်ကူးလျက်ရှိနေတဲ့ ခင်ဝင့်ဝါကတော့ အသားဖွေးဖွေးလေးနဲ့ အရမ်းချစ်စရာကောင်းတဲ့ မင်းသမီးချောလေးတစ်ယောက်ပဲဖြစ်ပါတယ်။

Photo Credit : khin wint wah ' s Facebook Page
Photo Credit : khin wint wah ' s Facebook Page

သူမကတော့ လက်ရှိကိစ္စတွေနဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့အတူ ရပ်တည်လျက်ရှိနေတာဖြစ်ပါတယ်။ ယနေ့မှာတော့ ခင်ဝင့်ဝါတစ်ယောက်ဟာ နာမည်ကြီးအနုပညာရှင်တွေဖြစ်ကြတဲ့ ဖွေးဖွေး၊အလင်းရောင်၊ ယုသန္တာတင်တို့နဲ့အတူ လူထုလှုပ်ရှားမှုမှာ အားမာန်အပြည့်နဲ့ပါဝင်နေခဲ့ပါတယ်။ ခင်ဝင့်ဝါကတော့ လူထုလှုပ်ရှားမှုမှာမမောနိုင်မပန်းနိုင်နဲ့နေ့စဥ်ပါဝင်ရင်း ကြောက်ခေတ်ကို ပြန်မသွားရေးအတွက် အားမလျော့ဘဲ ဆက်လက် တိုက်ပွဲဝင်သွားမယ့်အကြောင်း ပြောပြလာခဲ့ပါတယ်။

Photo Credit : khin wint wah ' s Facebook Page
Photo Credit : khin wint wah ' s Facebook Page
Photo Credit : khin wint wah ' s Facebook Page

ခင်ဝင့်ဝါကတော့ " အမေစု ပြန်မလာ သေးသရွေ့ ကျွန်မတို့တွေ အားမလျော့ဘဲ ဆက်လက် တိုက်ပွဲဝင်ကြမယ်ကြောက်ခေတ် ကို ပြန် မသွားရေး... အရေးတော်ပုံအောင်ရမည် " ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ယနေ့မှာပြုလုပ်နေတဲ့ လူထုလှုပ်ရှားမှုမှာ တက်တက်ကြွကြွပါဝင်နေခဲ့တဲ့ မင်းသမီးချောခင်ဝင့်ဝါရဲ့ ချစ်စရာပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။

Source: khin wint wah ' s Facebook Page

Photo Credit : khin wint wah ' s Facebook Page
Photo Credit : khin wint wah ' s Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။