ပြည်သူနဲ့အတူ တစ်သားတည်းမားမားမတ်မတ်ရပ်တည်ကာ လူထုလှုပ်ရှားမှုတွေကိုနေ့စဉ်ရက်ဆက်ပြုလုပ်နေတဲ့ ဖွေးဖွေး

//s9.kh1.co/3c/3c1734d1d9a03b8e9bb5fbffdfa02d18e0db815e.jpg
အနုပညာရှင်များ

 ၁၉-ဖေ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလောမြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ကြောင့် ပြည်သူလူထုအနေနဲ့ တတ်နိုင်တဲ့ဘက်ကနေပါ၀င်ကာ ငြိမ်းချမ်းစွာနဲ့ လှုပ်ရှားမှုတွေပြုလုပ်နေကြတာဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့အရှိန်အဟုန်မြင့်လာတဲ့ လူထုလှုပ်ရှားမှုကြီးဟာဆိုရင် ဒီနေ့မှာဆိုရင် (၁၉)ရက်မြောက်နေ့ကိုရောက်ရှိလာပြီဖြစ်ပြီး တစ်ဆထက်တစ်ဆတိုးပွားလာနေတာကိုလည်း တွေ့ရပါတယ်နော်....။

Photo credit-​ Phway Phway's Facebook page
Photo credit-​ Phway Phway's Facebook page
Photo credit-​ Phway Phway's Facebook page
Photo credit-​ Phway Phway's Facebook page

နိုင်ငံတကာရဲ့စိတ်၀င်စားမှုကိုလည်းခံနေရတဲ့ ဒီလူထုလှုပ်ရှားမှုကြီးမှာဆိုရင် နိုင်ငံကျော်အနုပညာရှင်များစွာလည်းပါ၀င်နေတာဖြစ်ပြီး ပြည်သူချစ်မင်းသမီးလေးဖွေးဖွေးတစ်ယောက်လည်း အားတက်သရောပါ၀င်လုပ်ဆောင်နေတာဖြစ်ပါတယ်။ ဖွေးဖွေးဟာလူထုလှုပ်ရှားမှုတွေစတင်ခဲ့တဲ့ ရက်တည်းကစပြီးပြည်သူတစ်ယောက်အနေနဲ့ ပရိသတ်တွေနဲ့အတူတစ်သားတည်းရပ်တည်ခဲ့တာဖြစ်ပါတယ်နော်.....။

Photo credit-​ Phway Phway's Facebook page
Photo credit-​ Phway Phway's Facebook page
Photo credit-​ Phway Phway's Facebook page
Photo credit-​ Phway Phway's Facebook page

ဒီနေ့မှာဆိုရင်လည်း ဖွေးဖွေးဟာ ပြည်သူလူထုနဲ့အတူ တစ်သားတည်းရပ်တည်ကာ တခြားသောအနုပညာရှင်တွေနဲ့အတူပူးပေါင်းပြီး လူထုလှုပ်ရှားမှုတွေကိုဆက်လက်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒီပုံရိပ်လေးတွေကိုလည်း သူမရဲ့ Facebookစာမျက်နှာမှာ "CDMers = HEROES !!! နောက်တပတ်လည်း ရုံး မတက်ကြပါနဲ့ဦး ! CDM ပြည်သူ့ဝန်ထမ်းတွေဘက်မှာ ကျွန်တော်/ကျွန်မတို့ အားလုံး ရှိပါတယ် !!အခု ​ကြောက်​နေရင် ​နောက်မျိုးဆက်​တွေ ​ခေတ်အဆက် ဆက် ​ကြောက်သွားရလိမ့်မယ်!!! အရေးတော်ပုံ အောင်ရမည်....." ဆိုပြီးရေးသားကာတင်ပေးထားခဲ့တာဖြစ်ပါတယ်။ ကဲ......ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-​ Phway Phway's Facebook page
Photo credit-​ Phway Phway's Facebook page
Photo credit-​ Phway Phway's Facebook page
Photo credit-​ Phway Phway's Facebook page

သတင်း အရင်းအမြစ်Phway Phway's Facebook page

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T