ကြိုးစားမှုတွေအောင်မြင်ခဲ့ရင် လုပ်ဆောင်သွားမယ့် သူ့ရဲ့အစီအစဉ်လေးတွေကို ပြောပြလာတဲ့ G-Fatt

//s9.kh1.co/60/601e32cf48813e2d5c3c92ccebef4546efb1e5dc.jpg
အနုပညာရှင်များ

 ၁၉-ဖေ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. ဂီတလောကမှာ အမိုက်စားစာသားလန်းလန်းလေးတွေနဲ့ လူငယ်အကြိုက်သီချင်းကောင်းလေးတွေများစွာ ထွက်ရှိထားပြီး အနုပညာလမ်းကြောင်းမှာ အောင်မြင်မှုတွေအခိုင်အမာရရှိထားသူတွေကတော့ G-Fatt ပဲ ဖြစ်ပါတယ်နော်..။

G-Fatt ကတော့ လတ်တလောမှာဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး လူငယ်တစ်ယောက်အနေနဲ့ ပြည်သူတွေနဲ့အတူ တစ်သားတည်းပါဝင်ကာ လူထုလှုပ်ရှားမှုတွေ ပြုလုပ်နေတာလည်း တွေ့မြင်ရပါတယ်နော်..။

Photo Credit - G-Fatt's Fb Acc
Photo Credit - G-Fatt's Fb Acc
Photo Credit - G-Fatt's Fb Acc
Photo Credit - G-Fatt's Fb Acc

တတ်နိုင်တဲ့ဘက်ကနေ အလှူတွေ ပြုလုပ်နေသလို လူထုလှုပ်ရှားမှုတွေမှာပါလည်း ကိုယ်တိုင်အပင်ပန်းခံပါဝင်နေတဲ့ G-Fatt ဟာ အားလုံးရဲ့အနာဂတ်အတွက် ကြိုးစားမှုတွေအောင်မြင်ခဲ့ရင် လုပ်ဆောင်သွားမယ့် သူ့ရဲ့အစီအစဉ်လေးတွေကို ပြောပြလာပါတယ်နော်..။

CDM ဝန်ထမ်းတွေအတွက် တစ်နှစ်လောက် သီချင်းတွေအခမဲ့သီဆိုဖျော်ဖြေပြီး ကျေးဇူးတင်ကြောင်းကို ပတ်ပြောချင်တဲ့ သူ့ရဲ့ရည်ရွယ်ချက်အစီအစဉ်လေးကို ပြောပြရင်း CDM zမှာ ဆက်လက်ပါဝင်ပေးကြဖို့ကိုလည်း G-Fatt က တိုက်တွန်းထားပါသေးတယ်..။

Photo Credit - G-Fatt's Fb Acc
Photo Credit - G-Fatt's Fb Acc
Photo Credit - G-Fatt's Fb Acc
Photo Credit - G-Fatt's Fb Acc

"ဒီအရေးတော်ပုံကြီး အောင်တဲ့အခါ CDM ဝန်ထမ်းတွေဆီ ဖျော်ဖြေဖို့ အပြေးလာခဲ့မယ် တစ်နှစ်လောက်ကို ရသလောက်ပါတ်ဆိုပစ်ဦးမယ် ဘာအနုပညာကြေးမှမလိုဘူး Free ပဲ .. ကျေးဇူးတင်ကြောင်းကိုပါတ်ပြောချင်တာ .. CDM မှာပါဝင်ကြပါ ✊.." ဆိုပြီး G-Fatt က ရေးသားပြောပြထားတာပါ..။

ပရိသတ်တွေကလည်း တာဝန်သိတတ်တဲ့ဝန်ထမ်းပြည်သူတွေနဲ့အတူ ရပ်တည်နေတဲ့ အဆိုတော် G-Fatt ရဲ့ ရည်ရွယ်ချက်လေးတွေကို သဘောကျနေကြတဲ့အကြောင်းလေးတွေနဲ့ ထောက်ခံကာအားပေးစကားလေးတွေလည်း ပြောထားကြပါတယ်..။

Photo Credit - G-Fatt's Fb Acc
Photo Credit - G-Fatt's Fb Acc
Photo Credit - G-Fatt's Fb Acc
Photo Credit - G-Fatt's Fb Acc

သတင်း အရင်းအမြစ်G-Fatt's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T