တိုင်ရွန်ကတော့ မိန်းကလေးတိုင်း အားကိုးချင်စရာကောင်းလောက်တဲ့ ဗလတောင့်တောင့်နဲ့ Body အချိုးအစားကို ပိုင်ဆိုင်ထားသူပါ ။ တောင့်တင်းကျစ်လျစ်တဲ့ ကြွက်သားတွေနဲ့ အမိုက်စားတက်တူးတွေကတော့ တိုင်ရွန်ရဲ့ဆွဲဆောင်မှုအရှိဆုံးအချက်လို့ ဆိုနိုင်ပါတယ် ။ ဒါကြောင့်လည်း တိုင်ရွန်က မိန်းမလှလေးတွေ ဝိုင်းဝိုင်းလည်နေတဲ့အထိ သည်းသည်းလှုပ်အားပေးခြင်းခံနေရတာပါနော် ။


တိုင်ရွန်ကတော့ လတ်တလောမှာ ဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာလည်း ပြည်သူနဲ့အတူ ရှေ့ဆုံးကနေမားမားမတ်မတ်ရပ်တည်ကာ ပါဝင်လှုပ်ရှားနေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် တိကျမှန်ကန်တဲ့ သတင်းအချက်အလက်များနဲ့ လိုက်နာရမယ့်အကြောင်းအရာများကိုလည်း ပရိသတ်တွေ သိရှိနိုင်စေရန် အဆက်မပြတ်ဖော်ပြလေ့ရှိပါတယ်။ ပုံစံမျိုးစုံနဲ့ လုပ်ဆောင်နေတဲ့ လူထုလှုပ်ရှားမှုတွေကိုလည်း နိုင်ငံတကာက လူတွေ ပိုမိုသတိထားမိနိုင်အောင် ကြိုးစားနေတာလည်းဖြစ်ပါတယ်။


အခုလည်း လမ်းမပေါ်မှာ လှုပ်ရှားမှုတွေပြုလုပ်နေတဲ့ ပြည်သူလူထုကို ရှေ့ကနေဦးဆောင်ကာ ဒိုင်းတွေ အကာအကွယ်အပြည့်နဲ့ စောင့်ရှောက်ပေးနေတာကို လေးစားစရာကောင်းလောက်အောင် တွေ့မြင်ရမှာဖြစ်ပါတယ်။ ထိုပုံရိပ်လေးတွေဟာလည်း နိုင်ငံခြားက သတင်းတွေထိတောင်ပါလာခဲ့ပြီး အောင်မြင်ခဲ့တာလည်းဖြစ်ပါတယ်။ တိုင်ရွန်က နေ့တိုင်းလိုလို လူထုလှုပ်ရှားမှုကြီးမှာ မမောမပန်းနိုင်အောင် တက်တက်ကြွကြွနဲ့ ပါဝင်နေခဲ့တာဒီနေ့ထိတိုင်ပါပဲနော်။ ပရိသတ်တွေနဲ့အတူ လူထုလှုပ်ရှားမှုတွေကို ရဲဝင့်ပြတ်သားစွာ လှုပ်ရှားနေတဲ့ တိုင်ရွန်ရဲ့ ပုံရိပ်လေးတွေကိုဝေမျှပေးလိုက်ပါရစေနော်။


Source & Photo Credit : Tyron Bejay Facebook Account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။