ပရိသတ်တွေ အားပေးချစ်ခင်ရတဲ့ အနုပညာရှင်တွေထဲမှာ မော်ဒယ်လ် သရုပ်ဆောင် အလင်းရောင်ကလည်း တစ်ယောက်အပါအဝင်ပါ။ ချောမောတဲ့ ရုပ်ရည်နဲ့ ယောကျာ်းပီသတဲ့ ကိုယ်ခန္ဓာကို ပိုင်ဆိုင်ထားတဲ့ အလင်းရောင်က မော်ဒယ်လ်တစ်ယောက်အနေနဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့တာဖြစ်ပြီး နှုတ်ခမ်းနီမလေးတွေရဲ့ အားပေးအချစ်ပိုမှုကို တစ်ခဲနက်ရရှိခဲ့တာဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်ရိုက်ကူးနေရတဲ့ သူကို့ အနုပညာရှင်အချင်းချင်းကပါ အားပေးကြတာကိုလည်း တွေ့ရပါတယ်။


သူရဲ့ ရေပန်းစားလူကြိုက်များခြင်းခံရတဲ့ "ရွှေကြာ" ရုပ်ရှင်ဇာတ်ကားကလည်း အောင်မြင်တာဖြစ်ပြီး နာမည်ကျော် မင်းသမီးချောလေး ဖွေးဖွေးနဲ့အတူ အတွဲညီညီသရုပ်ဆောင်ထားတာပါနော်။ ရုပ်ရှင်ဇာတ်ကားရိုက်ကူးပြီးတဲ့ အချိန်ကစလို့ သူငယ်ချင်းတွေလို ခင်မင်ခဲ့ရတဲ့ သူတို့နှစ်ယောက်က ပရိသတ်တွေရဲ့ အချစ်တွေကိုလည်း ရရှိခဲ့ပါသေးတယ်။ အမြဲအတူတူ တွေ့ရလေ့ရှိတဲ့ သူတို့ သူငယ်ချင်း နှစ်ယောက်က ယခုလို ဖြစ်ပျက်နေတဲ့ အခြေအနေတွေကိုလည်း ပါဝင်လုပ်ဆောင်နေတာပါနော်။

အလင်းရောင်နဲ့ ဖွေးဖွေးက ယနေ့မှာတော့ ရန်ကုန်မြို့ရဲ့ အထင်ကရနေရာတွေထိ သွားရောက်ပြီး ပြည်သူတွေနဲ့အတူ ပူးပေါင်းကာ လူထုလှုပ်ရှားမှုကို တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ လူပေါင်းများစွာကြားထဲ တိုးဝှေ့ကာ ထိထိရောက်ရောက် လှုပ်ရှားမှုတွေပြုလုပ်နေတဲ့ အလင်းရောင်နဲ့ ဖွေးဖွေးတို့ သူငယ်ချင်းနှစ်ယောက်ရဲ့ ပုံလေးတွေကို ပရိသတ်တွေ ကြည့်ရှုစေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။


သတင်းအရင်းမြစ်: Source - ALINGYAUNG's FB account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။